ကဒါဖီ ထရစ်ပိုလီ နားမှာ ရှိနေနိုင်ဆဲ

  • 28 ဩဂုတ် 2011
gaddafi_bunker_
Image caption ကဒါဖီရဲ့ မြေအောက် ကတုတ်ကျင်း တခု

လစ်ဗျား နိုင်ငံ မှာတော့ သူပုန် ခေါင်း ဆောင် တွေက ဗိုလ်မှူးကြီး ကဒါဖီ ဟာ ထရီပိုလီ မြို့တော် ရဲ့ အနီး တဝိုက် မှာ ပုန်းအောင်း နေဆဲပဲ လို့ သူတို့ ယုံကြည် ထားကြောင်း ပြောပါတယ်။

လစ်ဗျား ခေါင်းဆောင် ဟောင်း ဘယ်မှာ ရှိနေ နိုင် သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အတိုက် အခံ တွေရဲ့ ပထမဆုံး ထင်မြင်ချက် ကို ပြောခွင့် ရသူက ဘီဘီစီကို ပြောကြား ခဲ့ရာ မှာတော့ ဗိုလ်မှူးကြီး ကဒါဖီဟာ သူ့ကို ထောက်ခံ သူတွေ အခု ထက်ထိ အပြင်း အထန် ခုခံ နေကြဆဲ ဖြစ်တဲ့ သူ့ရဲ့ မွေးရပ် ဖြစ်တဲ့ ဆာ့တ် မြို့မှာ တော့ ရှိနေ မယ်လို့ မထင်ကြောင်း ပြော ပါတယ်။

ပြောခွင့် ရသူက ဆက်လက် ပြောကြား ရာမှာ တော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဇနီး၊ သမီးနဲ့ တခြား အရေးပါတဲ့ မဟာမိတ် တွေ ဟာ သံချပ်ကာ ကားတွေနဲ့ အယ်လ် ဂျီးရီးယား ဘက်ကို ထွက်ပြေး သွား ခဲ့ပြီး ဖြစ်ကောင်း ဖြစ်နိုင်တယ် လို့ လဲ ပြောပါတယ်။

အယ်လ် ဂျီးရီးယား အစိုးရ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ငြင်းဆို ထားပါတယ်။