ရေကြီးတဲ့ အန္တရယ် ရှိသေးလို့ အိုဘားမားပြော

  • 29 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption မုန်တိုင်းလွန် နယူးယောက်မြို့ အခြေအနေ

အမေရိကန် ပြည်ထောင်စုမှာ ဟာရီကိန်း မုန်တိုင်းဟာ အရှေ့ဖက် ကမ်းရိုးတမ်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မြောက်ဖက်ကို ဦးတည်ရွေ့လျား သွားပေမယ့် ရေကြီးမှုတွေ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု အန္တရာယ်တွေ ကြုံတွေ့နိုင်ရသေးတယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

မုန်တိုင်းဟာ အားပျော့သွားပြီ ဖြစ်ပေမယ့် မြစ်ရေလျှံပြီး တမံဘောင်တွေ ကျိုးနိုင်ပြီး အန္တရယ် ရှိနိုင်သေးတယ် ဆိုတာ မှတ်ယူထားဖို့ အရေးကြီးတယ်လို့ သမ္မတက ဆိုပါတယ်။

နယူးယောက်မြို့ အနိမ့်ပိုင်း အရပ်က လူပေါင်း သုံးသိန်းကျော်လောက်ဟာ အရင်ရက်တွေ တုန်းက မုန်တိုင်းအန္တရယ်ကြောင့် ကယ်ဆယ်ရေး စခန်းမှာ ရွေ့ပြောင်းနေခဲ့ရပြီး အခုတော့ သူတို့ကို အိမ်ပြန်နေခွင့် ပြုလိုက်ပါပြီ။

အမေရိကန် ပြည်ထောင်စုမှာ မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ၁ဂယောက် သေဆုံးခဲ့ ရပြီး အကြီးအကျယ် ပျက်စီး ထိခိုက်ခဲ့ပါတယ်။