Typhoon မုန်တိုင်း ဝင်မှာမို့ တိုင်ဝမ် ပြင်ဆင်

  • 29 ဩဂုတ် 2011
Image caption Typhoon မုန်တိုင်းက အပျက်အစီး

တိုင်ဝမ်ကျွန်းမှာ လာမယ့် နာရီ အနည်းငယ်အတွင်း အပူပိုင်း မုန်တိုင်းတရပ် ကျရောက်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်နေတာကြောင့် တပ်သား သုံးသောင်း ငါးထောင်လောက် ချထားပြီး ကြိုတင်ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

Namadol လို့လည်း လူသိများတဲ့ Mina ဆိုတဲ့ တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ဖြတ်ကျော်ဝင်ရောက် ခဲ့တာကြောင့် လူဆယ်ယောက် သေဆုံးကာ ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုတော့ အဲဒီ တိုင်ဖုန်း မုန်တိုင်းဟာ အပူပိုင်း မုတ်သုန်မုတ်တိုင်း အဖြစ် အားပျော့ သွားပေမယ့် တိုင်ဝမ်မှာတော့ စစ်သားတွေက အဆင်သင့် စောင့်ကြပ်ကာ အရေးပေါ် ကယ်ဆယ် ကူညီရေးအတွက် အသင့်ရှိနေကြပါတယ်။