အီရတ်က ဆွန်နီဗလီ ဗုံးခွဲ တိုက်ခိုက်ခံရ

  • 29 ဩဂုတ် 2011
Image caption Umm al - Qura ဗလီကျောင်း ခန့်ငြားစွာ တွေ့ရ

အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့က ထင်ရှားတဲ့ ဆွန်နီ ဗလီ တခုကို အသေခံဗုံးခွဲ တိုက်ခိုက်ခံရတာ ကြောင့် အနည်းဆုံး လူ၂ဂယောက် သေဆုံးသွားပြီး သုံးဆယ် ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ Umm al-Qura ဗလီမှာ ဆွန်နီ လူနည်းစုတွေရဲ့ ထိပ်တန်း ခေါင်းဆောင်ဲတွေ တခါတရံ လာရောက် ဝပ်ပြုလေ့ ရှိပြီး သေဆုံးသူတွေထဲက လွှတ်တော် အမတ်တယောက် ပါဝင်ပါတယ်။

အီရတ်မှာ ၂ဝဝ၇ ခုနှစ်လောက်တုန်းကလောက် တိုက်ခိုက်မှုတွေ မများတော့ ပေမယ့် အခုတလော အကြမ်းဖက်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။