ဆီးရီးယား Homs မြို့ကို အစိုးရတပ် ဝိုင်းထား

  • 29 ဩဂုတ် 2011
Syria
Image caption ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ တင့်ကားတွေပါ ခေါ်လာ

ဆီရီးယား နိုင်ငံမှာ သမ္မတ အာဆတ်ကို ဆန္ဒ ပြနေသူတွေကို ချေမှုန်းဖို့ ခုနောက်ဆုံး လုံခြုံရေး တပ်တွေက ဆန္ဒပြမှုတွေ အဓိက ဖြစ်ပွားနေတဲ့ နိုင်ငံ အလယ်ပိုင်းက Homs မြို့ကို ဝိုင်းထားလိုက်ပါတယ်။

မြို့ကို တောင်ဘက်က လာရင် မြို့အဝင်ဝနားက နေရာတွေမှာ သေနတ်သံတွေ ကြားရပြီး မြို့ခံ တွေ ကြောက်လန့် တကြား ထွက်ပြေးခဲ့တယ်လို့ အာဆတ် ပြုတ်ကျ ရေးအတွက် လှုပ်ရှားနေသူ တွေက ပြောပါတယ်။

Sarmeen ဆိုတဲ့ မြို့ထဲကိုလည်း တင့်ကားတပ်တွေနဲ့ စစ်သားတွေ အင်နဲ့အားနဲ့ ဝင်ရောက် ခဲ့ပြီး လက်ဘနွန် နယ်စပ်နားက ရွာတရွာမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ သတင်းတွေ ရရှိပါတယ်။

ဒီအတော အတွင်းမှာ တူရကီ ခေါင်းဆောင်တွေဆီက သမ္မတ အာဆတ်ကို ဝေဖန်သံတွေ ထပ်ထွက်လာပြီး အကြမ်းဖက်မှုတွေကို ချက်ချင်း စွန့်လွှတ်ပြီး ပြည်သူတွေရဲ့ တောင်းဆို ချက်ကို ချက်ချင်း လိုက်နာရမယ်လို့ ပြောလိုက်ပါတယ်။