ကဒါဖီတပ်ဖွဲ့တွေ လက်နက်ချဖို့ သူပုန်ဘက်က ရာဇသံပေး

  • 30 ဩဂုတ် 2011
Image caption လာမယ့် စနေနေ့ လက်နက် မချရင်တော့ မီးကုန် ယမ်းကုန် ဝင်တိုက်မယ်လို့ပြော

ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့ တွေ အနေနဲ့ သူတို့ရဲ့ နောက်ဆုံးကျန်ရှိနေ တဲ့ အမာခံမြို့တွေကနေ ထွက်လာပြီး၊ လာမယ့် စနေနေ့ နောက်ဆုံးထား လက်နက် ချဖို့ကို သူပုန်တွေရဲ့ အမျိုးသား အသွင်ကူး ပြောင်းရေး ကောင်စီ NTC က ရာဇသံပေး လိုက်ပါတယ်။

ကဒါဖီတပ်တွေအနေနဲ့ ကဒါဖီရဲ့ မွေးဇာတိ ဆာ့တ်မြိုနဲ့ တခြား မြို့ ၂ ခုကို ဆက်လက် ထိန်းချုပ်ထားဦးမယ် ဆိုရင်တော့ သူပုန် တိုက်ခိုက်ရေးသမားတွေက မီးကုန် ယမ်းကုန် ဝင်တိုက်မှာ ဖြစ်တယ်လို့ NTC က သတိပေးထားပါတယ်။

NTC ခေါင်းဆောင်း မူစတာဖာ အက်ဘ်ဒယ်ဂျလီးက - လာမယ့် စနေနေ့ကစလို့ တကယ့် လက်တွေ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိခဲ့ရင်တော့၊ ဒီအခြေ အနေတွေ အပေါ် စစ်ရေးအရ ပြတ်ပြတ်သားသား အဆုံးသတ် ဆင်နွှဲမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပြီး သူက ငြိမ်းချမ်းစွာ လက်နက်ချရေးအတွက် ဆွေးနွေးမှုတွေကို ဒေသခံ အရာရှိ တွေနဲ့ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

လျှပ်စစ်မီး ဖြတ်ခံထားရတဲ့ အရပ်သားတွေ အနေနဲ့ တခြားပြင်ပက သတင်းတွေကို မကြားရ ဖြစ်နေတယ်လို့လည်း ဘီဘီစီသတင်းထောက်က ပြောပါတယ်။