ရုရှားနဲ့ အမေရိကန် ကမ်းလွန်ရေနံ ပူးတွဲလုပ်တော့မယ်

  • 30 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် RIA Novosti
Image caption Rosneft ကုမ္ပဏီပိုင် ရေနံ ထုတ်လုပ်ရေး စက်ရုံ

အာတိတ် ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ တူးဖော် ပူးတွဲ ထုတ်လုပ်ဖို့ အမေရိကန် စွမ်းအင် ကုမ္ပဏီ ExxonMobil နဲ့ ရုရှား အစိုးရပိုင် ရေနံ ကုမ္ပဏီ Rosneft တို့က မဟာဗျုဟာမြောက်တဲ့ သဘောတူညီ တရပ်ကို ကြေညာ လိုက်ပါတယ်။

ဝင်ရိုးစွန်းတန်း ဒေသသစ်တွေဆီ ဖြန့်ကျက်ရမယ်လို့ ရုရှား ဝန်ကြီးချုပ် Vladimir Putin က Sochi ပင်လယ်နက် အပန်းဖြေစခန်းက လက်မှတ်ရေးထိုးပွဲမှာ ပြောကြားလိုက်ပါတယ်။

ကနဦးတုန်းကတော့ ဒီစီမံကိန်းကို ဗြိတိသျှ ရေနံ ကုမ္ပဏီ ဘီပီနဲ့ ရုရှားက ရို့စ်နက်ထ်တို့ ပူးတွဲလုပ်ဆောင်ဖို့ ဖြစ်ပေမယ့် ဒီနှစ်အစောပိုင်းမှာ TNK-BP က ရုရှား အစုရှယ်ယာဝင် တွေက တားမြစ်တာကြောင့် ပျက်သွားတာ ဖြစ်ပါတယ်။