ပျောက်ဆုံးနေသူများဆိုင်ရာ နိုင်ငံတကာနေ့ သတ်မှတ်

  • 30 ဩဂုတ် 2011

ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ အစိုးရတွေ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်း တွေက ပြဿနာဖြေရှင်း တဲ့အနေနဲ့ လူတွေကို အတင်း အဓမ္မခေါ်ဆောင်သွားရာ ကနေ အစ ပျောက်သွားတဲ့ အဖြစ်မျိုးတွေ ကမ္ဘာမှာ ထောင်နဲ့ချီပြီး ရှိနေတာကို လူအများ သတိပြုမိစေဖို့ ရည်ရွယ်ပြီး နိုင်ငံတကာ ပျောက်ဆုံးသူများနေ့ အထိမ်း အမှတ် အဖြစ် ကုလသမဂ္ဂက သြဂုတ်လ ၃၀ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကက်ရှ်မီးယား ပျောက်ဆုံးနေသူတွေ အတွက် လည်း အိန္ဒိယမှာ ဆန္ဒပြ

မနှစ်တုန်းက အတည်ပြုလိုက်တဲ့ အဓမ္မ ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွား သူများ ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်မှာ အဖမ်းခံရသူတိုင်းဟာ တရားဥပဒေရဲ့ အကာ အကွယ်ကို ရခွင့်ရှိသလို သူတို့ ဘယ်ရောက်နေ တယ် ဆိုတာကိုလည်း မိသားစုတွေက သိခွင့်ရှိ တယ်လို့ ဆိုထားပါ တယ်။

ကုလသမဂ္ဂက ပျောက်ဆုံးနေသူတွေအဖြစ် သတ်မှတ်တဲ့ အထဲမှာ အဓမ္မခေါ်ဆောင်သွား ခံရပြီး အစအန ရှာမရအောင် နှစ်နဲ့ချီပြီး ဘာသတင်းမှ ပြန်မကြားရသူတွေ ပါသလို၊ ကာလတို တခုအတွင်း ဖမ်းဆီးထားပြီး ဘယ်ကို ရောက်နေမှန်း မသိရတဲ့အဖြစ်တွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူတွေကို အာဏာပိုင်တွေက တရား ဥပဒေကို ကျော်လွန်ပြီး ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ အချိန်အကြာကြီး ထားခဲ့တဲ့ အဖြစ်တွေ အများအပြားရှိနေပြီး၊ တချို့ဆိုရင် ထောင်တွေထဲကနေ ခေါ်ထုတ်သွားရာကနေ ပျောက်ဆုံးသွားတာတွေရှိ တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က မြန်မာနိုင်ငံမှာ ပုဒ်မ ၅ (ည) တို့လို လုံခြုံရေးဥပဒေ တွေအရ ဖမ်းဆီးခဲ့တယ်ဆိုရင်တောင် ဖမ်းဝရမ်းပါရမှာ ဖြစ်သလို သူတို့ကို ဘယ်မှာ ထား တယ်ဆိုတာကို မိသားစုကို အသိပေးရမယ်ဆိုတဲ့ ပြဌာန်းချက်တွေ အဲဒီဥပဒေတွေမှာ ပါတယ်လို့ ပြောပြပါတယ်။

သူကိုယ်တိုင် အဖမ်းခံခဲ့ရစဉ်ကလည်း အဲဒီလိုဥပဒေရဲ့အကျိုးကို ခံစားခွင့်မရခဲ့ဘဲ စစ်ကြော ရေး စခန်းကို မျက်စေ့ပိတ်ခေါ်သွားပြီး တလလောက်ကြာမှ သူဘယ်ရောက်နေတယ် ဆိုတာ ကို မိသားစုက သိခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာအဲဒီလိုအာဏာပိုင်တွေကခေါ်သွားတာကြောင့် ပျောက်ဆုံးရတဲ့အဖြစ်မျိုးတွေ ရှိသလို၊ လူကုန်ကူးခံရပြီး အကြောင်းအမျိုးမျိုးနဲ့ ပျောက်ဆုံးသွားကြသူတွေလည်း ရှိနေပါ တယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို အကူညီပေးနေတဲ့ မြန်မာပြည်သားအဖွဲ့ တာဝန်ခံ ကိုမိုးကြိုးကခုလပိုင်း အတွင်းမှာကို ပျောက်ဆုံးနေတဲ့ သူတွေရှိနေတယ်လို့ ဘီဘီစီကို ပြောပြ ပါတယ်။

ကုလသမဂ္ဂက ဘယ်သူတဦးတယောက်ကိုမှ အဓမ္မ ခေါ် ဆောင်ပြီး အစဖျောက်လို့ မရဘူး ဆိုတဲ့ ပြဌာန်းချက်ကို ၂၀၁၀ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အတည်ပြုထား ဖြစ်ပါတယ်။