ဆီးရီးယား ဥပဒေအရာရှိလို့ ဆိုသူ နှုတ်ထွက်

  • 31 ဩဂုတ် 2011
Syria
Image caption ဆီးရီးယား ဆန္ဒပြမှု ခြောက်လထဲ ဝင်လာ

ဆီးရီးယား နိုင်ငံ ဟားမားမြို့က ရှေ့နေ ချုပ်လို့ ကိုယ့်ဟာကိုယ် မိတ်ဆက်ထားသူ တယောက်က ဆီးရီးယား အစိုးရရဲ့လူ မဆန်တဲ့ ရာဇဝတ်မှုတွေကို ကိုယ်တိုင် သိမြင်လာတဲ့ အတွက် ရာထူးက နှုတ် ထွက်တယ်ဆိုပြီး ကြေညာထားတဲ့ ဗီဒီယို ရိုက်ကူးချက် တခု မနေ့က ထွက်လာခဲ့ ပါတယ်။

ရှေ့နေချုပ်လို့ သူ့ဟာသူ မိတ်ဆက်ထားသူက တရက်ထဲမှာ သတ်ဖြတ် စီရင်မှု အခု ခုနှစ်ဆယ်ကျော် ရှိခဲ့တာကို ကြားခဲ့ရပြီး အကျဉ်းသား သုံးရာလောက်ဟာ ညှင်းပန်းနှိပ်စက် ခံရပြီး သေဆုံးသွားတယ်၊ နောက် အစုလိုက်မြှတ် ထားတဲ့ နေရာတွေကိုလည်း သူသိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဗီဒီယိုကို ဘယ်တုန်းက ရိုက်ထားလဲဆိုတာ သေချာ မသိရပါဘူး။

တနင်္လာနေ့ကတော့ ဆီးရီးယား အစိုးရ သတင်းဌာနက ဟာမားက ရှေ့နေချုပ် ဖမ်းဆီး ခံခဲ့ရတယ်လို့ ကြေညာသွားပါတယ်။

ဒါပေမယ့် ဆီးရီးယားက အစိုးရ ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူ တယောက်ကတော့ ဒီလို ကြေညာတာဟာ ဗီဒီယိုထဲက ပြောဆိုချက်တွေကို တမင် အထင်လွဲအောင် လုပ်တာ ဖြစ်နိုင် တယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။