ဂျပန်ဝန်ကြီးချုပ်သစ် ဖူကူရှီးမားကိစ္စ ဦးစားပေးမယ်

  • 2 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ထိပ်တန်းအစိုးရဝန်ကြီး နေရာတွေအတွက် လူငယ်တွေကို ခန့်အပ်လိုက်ပါတယ်

ဂျပန် ဝန်ကြီးချုပ်သစ် ယိုရှီဟီကို နိုဒါက မြေငလျင်နဲ့ ဆူနာမီကြောင့် ပျက်ဆီးဆုံးရှုံး ခဲ့ရတာတွေကို ပြန်လည်တည်ဆောက်ရေးနဲ့ ဖူကူရှီးမား နျူကလီးယား အကျပ်အတည်း ဖြေရှင်းရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့ဟာ သူ့ရဲ့ ဦးစားပေး လုပ်ငန်းတွေ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် ပထဦးဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ နိုဒါက အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ နိုဒါက ဖူကူရှီးမားကို ပြန်လည် ရှင်သန်လာအောင် မလုပ်ဘဲနဲ့ ဂျပန်နိုင်ငံတော်ကြီး ပြန်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူကပြောကြားသွားပါတယ်။

နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်တွေကို သက်တမ်းကုန်တဲ့အထိ ဆက်ထားလို တဲ့ သဘောမျိုး လည်းတွေ့ရပါတယ်။

တဘက်မှာလည်း ဓာတ်ပေါင်းဖို အန္တရာယ်တွေကို စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် နောက်ထပ် အစားထိုးစွမ်းအင်တမျိုး ရှာဖို့ အချိန်ယူတဲ့အနေနဲ့ ဒီစက်ရုံတွေကို လောလောဆယ် ဆက်သုံး မယ့်သဘော ဖြစ်ပါတယ်။

နောက်ပြီး သူဟာ ထိပ်တန်း အစိုးရဝန်ကြီး နေရာတွေအတွက် လူငယ် နိုင်ငံရေးသမားတွေ ကို ခန့်အပ်လိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး ဂျွန်အဇူမီ နဲ့ နိုင်ငံခြားရေး ဝန်ကြီး ကိုအီချီရို ဂန်ဘာ တို့ ၂ ဦး စလုံးဟာ အသက်လေးဆယ်မပြည့်ကြသေးတဲ့ သူတွေ ဖြစ်ကြပါတယ်။