လူဝင်မှုကြီးကြပ်ရေးအတွက် သြစတြေးလျ အခက်တွေ့

  • 4 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည်ဖလှယ်ရေးကို တရားရုံးချုပ်က ပိတ်ပင်လိုက်တဲ့ အတွက် ဝန်ကြီးချုပ် စိတ်ပျက်

သြစတြေးလျနိုင်ငံမှာ လာရောက် ခိုလှုံခွင့် လျှောက်ထားသူတွေကို တခြားနိုင်ငံတခု ပို့ပြီး သူတို့ရဲ့ လျှောက်ထားချက်တွေကို ကိုင်တွယ် ဆုံးဖြတ်မယ့် အစီအစဉ်ဟာ ဖြစ်နိုင်ခြေ မရှိတော့ကြောင်း သြစတြေးလျ အစိုးရရဲ့ ဥပဒေ ရေးရာ ထိပ်တန်း အကြံပေးက ပြောကြားလိုက် ပါတယ်။

အခုလို ဥပဒေ အကြံပေးက ပြောကြားလိုက်တာ ကြောင့် အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေ အကောင်အထည်ဖေါ်နေမှုကို အတားအဆီး ထပ်ဖြစ်စေပါတယ်။

ပစိဖိတ်ဒေသက နိုင်ငံတွေအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေ ဆောက်ပြီး ခိုလှုံခွင့် လျှောက်ထားသူ ဝင်ရောက်လာနေမှုကို ကူညီတားဆီးပေးဖို့ သြစတြေးလျအစိုးရက ကြံစည်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ သြစတြေးလျ တရားရုံးချုပ်ကနေ မလေးရှားနဲ့ ဒုက္ခသည်ဖလှယ်ရေး လုပ်မယ့် အစိုးရရဲ့ အစီအစဉ်ကို ပိတ်ပင်လိုက်ပါတယ်။ အကြောင်းကတော့ လူ့အခွင့်အရေး အတွက် စိုးရိမ်စရာ ကိစ္စရပ်တွေကြောင့် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကတော့ တခြားနိုင်ငံက ရွှေ့ပြောင်း ဝင်ရောက်လာနေမှုတွေ အပေါ် ထိန်းချုပ်ရေးကို သူ့ရဲ့ ဦးစားပေးလုပ်ငန်းစဉ်တခု အဖြစ် ချမှတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။