အာရပ်အဖွဲ့ချုပ်အကြီးအကဲ ဆီးရီးယားသွားမယ်

  • 5 စက်တင်ဘာ 2011
nabil ဓာတ်ပုံ မူပိုင် Reuters
Image caption နာဘီးလ် အဲလ် အာရပ်ဘီ

ဆီးရီးယား နိုင်ငံကို ဒီသတင်းပတ် ထဲသွား ရောက်မယ် လို့ အာရပ် အဖွဲ့ချုပ် အကြီး အကဲ က ပြောပါတယ်။

ဆီးရီးယားမှာ လနဲ့ ချီပြီး ကြာနေပြီ ဖြစ်တဲ့ အစိုးရ ကို ဆန့်ကျင်တဲ့ ဆန္ဒ ပြပွဲ တွေကို ပြင်းပြင်း ထန်ထန် နှိမ်နင်း နေလို့ သွေးမြေ ကျနေ ရတဲ့ အဖြစ် တွေနဲ့ ပတ်သက်ပြီး စိုးရိမ် မကင်း တာကို အသိပေး ပြောကြား ဖို့အတွက် အခုလို သွား ရောက် မှာဖြစ် ပါတယ်။

ဒီ အာရပ် အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် နာဘီးလ် အဲလ် အာရပ်ဘီ က သူ့ ခရီးစဉ် ကို ဒမတ် စကတ်စ် မှာရှိ တဲ့ ဆီးရီးယား အစိုးရ ဘက်ကလဲ ကြိုဆိုကြောင်း သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွား ပါတယ်။

ဆီးရီယား က နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဟာမ မြို့အနား မှာ ခြုံခို တိုက်ခိုက်တာ ခံခဲ့ရလို့ စစ်သား အများစု အပါအဝင် လူပေါင်း ၉ ဦး အသက်ဆုံးရှုံးသွား ရတယ်လို့ နိုင်ငံပိုင် သတင်းဌာန တွေက ကြေငြာပါတယ်။

ဒီအတွက် အစိုးရဘက်က နိုင်ငံခြား အထောက်အပံ့ရ ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကို အပြစ် ဆိုထားပါတယ်။ အစိုးရဆန့်ကျင်သူ တွေ ဘက်ကလဲ တနင်္ဂနွေနေ့က ပဲ လုံခြုံရေး တွေရဲ့ လက်ချက်နဲ့ ဆန္ဒပြသူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။