အာဖဂန်မှာ အကျဉ်းသားတွေကို စနစ်တကျ နှိပ်စက်မှု ပေါ်ထွက်

  • 7 စက်တင်ဘာ 2011
Image caption ISAF တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးပြ အခမ်းအနား

အာဖဂန် နစ္စတန်မှာ ဖမ်းဆီးထားသူ တွေကို ညှင်းပမ်း နှိပ်စက်တယ် ဆိုတဲ့ ကျယ်ကျယ် ပြန့်ပြန့် စွပ်စွဲ ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့ ပြီးတဲ့နောက် တချို့ အာဖဂန် အကျဉ်းထောင် တွေဆီကို ထိန်းသိမ်းထားသူတွေ လွှဲပေးဖို့ ကိစ္စကို ISAF အိုင်ဆက်ဖ်လို့ ခေါ်တဲ့ နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေ က ရပ်ဆိုင်း ထားလိုက်ပါတယ်။

အာဖဂန်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာန အပါအဝင် ပြည်နယ် ရှစ်ခုက ထောင်တွေ ဆီကို အကျဉ်းသားတွေ လွှဲပေးဖို့ ရပ်ထားလိုက်တာ ဖြစ်ကြောင်း ဘီဘီစီက သတင်းရရှိ ပါတယ်။

အကျဉ်းသားတွေဟာ ရာဘာပိုက်လုံးနဲ့ ရိုက်ခံရတယ် ၊ လိင်ပိုင်းဆိုင်ရာ စော်ကား ခြိမ်းခြောက် ခံရတယ် ၊ တချို့ဆိုရင် လျှပ်စစ် ဓါတ်လွှတ်ပြီး လျော့ရိုက်ခံရတာတွေ အပါအဝင် စနစ်တကျ ညှင်းပမ်းနှိပ်စက်မှုတွေ ရှိတယ်လို့ တရားဝင် မထုတ်ပြန်ရသေးတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။