နိုင်ငံတကာရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်

  • 9 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP INTERPOL
Image caption နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ရဲ့ တောင်းဆို ချက် အရ အခုလို သတိပေးချက် ထုတ်ပြန်

နိုင်ငံတကာ ရဲတပ်ဖွဲ့က ဗိုလ်မှူးကြီးကဒါဖီ နဲ့ သားဖြစ်သူ ဆာအိ အဲလ် အစ္စလာမ် အပါအဝင် အရင် ထောက်လှမ်းရေး အရှာရှိ အက်ဘ်ဒူလာ အဲလ် ဆန်နုဆီတို့ကို ဖမ်းဆီး ဖို့ အတွက် အရေးကြီးတဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

သူတို့သုံးဦးကို လူမဆန်တဲ့ သတ်ဖြတ်မှု (crimes against humanity) စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတဲ့ နိုင်ငံ တကာ ရာဇဝတ်မှုခုံရုံး ICC ရဲ့ တောင်းဆိုချက် အရ အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာခံသူ ထိပ်တန်း ပုဂ္ဂိုလ်တွေ ပါရှိတဲ့ ယာဉ်တန်းတခုကတော့ နီဂျဲနိုင်ငံထဲကို ဝင်ရောက်လာပြီ ဖြစ်တယ်လို့ နီဂျဲကလာတွေ သတင်းတွေအရ သိရပါတယ်။

ယာဉ်တန်းမှာ ပါတဲ့ အဲဒီထိပ်တန်း ပုဂ္ဂိုလ်တွေထဲမှာ ကဒါဖီရဲ့ တောင်ပိုင်း တပ်ဖွဲ့တာဝန်ခံ ဗိုလ်ချုပ်ကြီး အာလီကာနာနဲ့ အတူ နောက်ထပ် ထိပ်တန်း ဗိုလ်ချုပ်ကြီး တဦးလည်း ပါဝင် ပါတယ်။

အာဂါဒက်စ်မြို့ ဒေသခံ အာဏာပိုင်တွေကတော့ လူသားချင်း ထောက်ထား ညှာတာတဲ့ အနေနဲ့ ဒီယာဉ်တန်းကို ဖြတ်သွားခွင့်ပြုလိုက်တာလို့ ပြောပါတယ်။