အိုဘားမား ရဲ့ အလုပ်သမား ဥပဒေ

  • 9 စက်တင်ဘာ 2011
obama_ ဓာတ်ပုံ မူပိုင် bbc
Image caption သမ္မတအိုဘားမား မိန့်ခွန်းပြောစဉ်

သမ္မတ အိုဘားမား က အလုပ်လက်မဲ့ ပြဿနာ ဟာ အမေရိကန်ပြည်ထောင်စု မှာ ၉ ရာခိုင်နှုန်း အထိရှိ နေတာဟာ ၂ နှစ်ကြာနေပြီ ဖြစ်လို့ အလုပ်လက်မဲ့ ပပျောက်ရေး အက်ဥပဒေ တရပ် တင်ပြနိုင်ရေး အတွက်၊ လေးနက်တဲ့ မိန့်ခွန်းတရပ်ကို ကွန်ဂရက် လွှတ်တော်မှာ ပြောကြားပါတယ်။

သူတင်ပြမယ့် အစီအစဉ်ဟာဆိုရင် ဘီလီယံ ဒေါ်လာ ၃ဝဝ အကုန်အကျ ခံဖွယ်ရှိပြီးအခွန်ငွေ လျှော့ချတာတွေ၊ အခြေခံ အဆောက်အအုံ စီမံကိန်းတွေ ချမှတ်တာတွေ၊ အပြင် အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာ ဆရာမတွေ နဲ့ ရဲဝန်ထမ်းတွေ ကို ပြန်လည် အလုပ်ပေးမှာ တွေ ပါဝင်ကြောင်း သိရပါတယ်။

အတိုက်အခံ ရီပတ်ဗလီကင် တွေ အနေနဲ့လဲ နိုင်ငံရေး မျက်လှည့် ပြနေကြမယ့် အစား၊ အမေရိကန် နိုင်ငံသားတွေ အတွက် အလုပ်အကိုင် ဖန်တီးရေး အက် ဥပဒေ ပေါ်ထွက်ရေး ကို ထောက်ခံ ကြဖို့ ပြောသွားပါတယ်။

ရီပတ်ဗလီကင် တွေဖက်ကတော့ အိုဘားမားဟာ အလုပ်သမား အရေးထက် လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲ ပြန်လည် ယှဉ်ပြိုင်မယ့် အရေး ကို ဦးစားပေးကြောင်း ပြော ပါတယ်။

သမ္မတ အနေနဲ့ ဒီ အက်ဥပဒေ အရ ကုန်ကျမယ့် ငွေကို ကွန်ဂရက် က ခွင့်ပြုမိန့် ရ အောင် တောင်းခံရဦး မှာပါ။