ကိုင်ရို အစ္စရေး သံရုံး တိုက်ခိုက်ခံရ

  • 10 စက်တင်ဘာ 2011
Cairo ဓာတ်ပုံ မူပိုင် reuters
Image caption အစ္စရေး သံရုံးကို ကာထားတဲ့ တံတိုင်းကို ဖြိုချဖို့ ကြိုးစားနေစဉ်

ကိုင်ရိုမြို့က အစ္စရေး သံရုံးရှိတဲ့ အဆောက် အဦ တခုကို အီဂျစ်က ဆန္ဒ ပြသူတွေက မနေ့က တိုက်ခိုက် ခဲ့ပြီး သံရုံး ထဲက စာရွက် စာတမ်း တွေကို ပြတင်းပေါက် ကနေ ပစ်ချပြီး အစ္စရေး အလံကိုလည်း မီးရှို့ ခဲ့ပါတယ်။

သံရုံးကို အကာ အကွယ် ပေးဖို့ ဆောက်ထားတဲ့ တံတိုင်းကို ဆန္ဒ ပြသူတွေက တူတွေသုံး ဖြိုချ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လက အီဂျစ် အစ္စရေး နယ်စပ်မှာ အစ္စရေး စစ်သားတွေက အီဂျစ် နယ်စပ်က အစောင့် ငါးယောက်ကို ပစ်သတ် ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွား ပြီးနောက် အီဂျစ်မှာ လောလောဆယ် အာဏာ ယူထားတဲ့ စစ်ကောင်စီဟာ အစ္စရေးနဲ့ အဆက်ဖြတ်ဖို့ တောင်းဆို ဖိအားပေး ခံလာရပါတယ်။

အစ္စရေး သံရုံးကို လာတိုက်ခိုက် သူတွေဟာ တာဟီရာ ရင်ပြင်မှာ ဆန္ဒ ပြနေရာကနေ ခွဲထွက် လာတာ ဖြစ်ပါတယ်။

အရပ်သားတွေကို စစ်ခုံရုံး တွေမှာ စစ်ဆေး အရေး ယူနေတာတွေကို ရပ်ဖို့၊ ပြုပြင် ပြောင်းလဲမှုတွေ မြန်မြန် လုပ်ဖို့ တောင်းဆို ဆန္ဒ ပြခဲ့ပါတယ်။

ခုနောက်ဆုံး အစ္စရေးရဲ့ အကူအညီ တောင်းမှု အရ အမေရိကန် သမ္မတ အိုဘားမားက အစ္စရေးကို အကာအကွယ် ပေးဖို့ အီဂျစ် အစိုးရကို တိုက်တွန်း ထားပါတယ်။

အစ္စရေး သံအမတ်နဲ့ မိသားစုက ကိုင်ရို လေဆိပ်မှာ ရောက်နေပြီး အစ္စရေးကို သွားမယ့် လေယာဉ်ကို စောင့်နေပါတယ်။