၁၁ စက်တင်ဘာ ၁၀ နှစ်ပြည့် ခဲ့ပြီ

  • 11 စက်တင်ဘာ 2011
9/11 ဓာတ်ပုံ မူပိုင် BBC World Service
Image caption လွန်ခဲ့တဲ့ ၁၀ နှစ် တိုက်ခိုက်ခံခဲ့ ရစဉ်က

အမေရိကန် ပြည်ထောင်စု မှာတော့ဒီ သတင်းပတ် ကုန်ပိုင်း မှာ ကျရောက်တဲ့ စက်တင်ဘာ ၁၁ ရက် နေ့ အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရတဲ့ ၁၀ နှစ် ပြည့် နှစ်ပတ် လည် အောက်မေ့ဖွယ် အခမ်း အနား တွေ ကို ကျင်းပ နေကြ ပါတယ်။

ပဲန်ဆယ်လ် ဗေးနီးယား ပြည်နယ် မှာ ပြုလုပ် ခဲ့တဲ့ အောက်မေ့ ဖွယ် အထိမ်းအမှတ် ဖွင့်လှစ်တဲ့ အခမ်းအနား ကို အရင် သမ္မတ ဟောင်း ဖြစ်သူ ဂျော့ချ်ဘုရှ်၊ လက်ရှိ ဒုတိယ သမ္မတ ဖြစ်တဲ့ ဂျိုးဘိုင်ဒဲန် တို့ နဲ အတူ အဲဒီနေ့က လေယာဉ် ပျက်ကျခဲ့ရာမှာ ပါသွားခဲ့ သူတွေ ရဲ့ ဆွေးမျိုး သားချင်း တွေပါ တက်ရောက်ခဲ့ကြပါတယ်။

နယူးယောက်မြို့ က မန်ဟက်တန် မှာတော့ မြို့ခံ တွေနဲ့ အတူ ကမ္ဘာ လှည့်ခရီးသွား တွေက လက်ချင်းချိတ်ဆက် လို့ လူတန်းကြီး လုပ်ပြီး ကွယ်လွန်ခဲ့သူ တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ကြ ပါတယ်။

အမေရိကန် သမ္မတ အိုဗားမား ကတော့ ဒီတပတ် အတွက် ပြောကြား တဲ့ အပတ်စဉ် မိန့်ခွန်းထဲမှာ နောက်ဆုံး မှာတော့ အိုဆာမာ ဘင်လာဒင်ကိုလဲ အပြစ်ပေး နိုင်ခဲ့ ပြီး ဖြစ်သလို အလ်ခိုင်းဒါး ဟာလဲ အခုဆို အရှုံး လမ်းပေါ်မှာ ရောက်နေခဲ့ ပြီဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။