ကဒါဖီသား နီဂျဲ ရောက်

  • 12 စက်တင်ဘာ 2011
saadi_gaddafi
Image caption ဆာဒီ ကဒါဖီ

နီဂျဲ နိုင်ငံ ကို မိုမာ ကဒါဖီရဲ့ သားတွေ ထဲက တဦးဖြစ်တဲ့ ဆာဒီ ကဒါဖီ ရောက်ရှိ လာတယ်လို့ နီဂျဲ အစိုးရက ပြောပါတယ်။

ကြားကနေ ဖြတ်တား နိုင်ခဲ့တဲ့ နီဂျဲ နိုင်ငံ ရဲ့ မြောက်ပိုင်း က အာဂါဒက်စ် ကို ဦးတည် ပြီးသွားနေတဲ့ ယာဉ်တန်းမှာ ဆာဒီ ကဒါဖီ ပါလာ တာ ဖြစ်တယ်လို့ နီဂျဲ တရားရေး ဝန်ကြီး ကပြောပါတယ်။

ဆာဒီ ကဒါဖီဟာ အရင်က လစ်ဗျား ဘောလုံး အဖွဲ့ချုပ်ကို ဦးဆောင်နေ ခဲ့သူ ဖြစ်ပြီး ဒီလ အစောပိုင်းတုန်းကတော့ ကဒါဖီ ဆန့်ကျင်သူတွေနဲ့ စေ့စပ်ဖို့ ကြိုးပမ်းခဲ့ ပါသေးတယ်။ ဒါပေမယ့် သူနဲ့ ညီအစ်ကို တော်သူ ဆေ့ဖ် ကဒါဖီ လိုပဲ ကဒါဖီရဲ့ သစ္စာခံ တပ်တွေက နောက်ဆုံး အချိန် အထိ ဆက်တိုက် သွားမှာ ဆိုပြီးတော့ အဆုံး သတ်ခဲ့ ပါတယ်။

နီဂျဲဟာ ပြီးခဲ့တဲ့ သတင်းပတ် ထဲမှာလဲ လစ်ဗျား ယာဉ်တန်း ၂ တန်းကို နိုင်ငံ တွင်းကို ပေးဝင်ခဲ့ ပါသေးတယ်။ သူတို့က ဒါဟာ လူသားချင်း စာနာမှု ကို ပြတဲ့ သဘောနဲ့ ပေးဝင်ခဲ့ ကြတာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။