စက်တင်ဘာ ၁၁ ရက် နှစ်ပတ်လည်ကျင်းပကြ

  • 12 စက်တင်ဘာ 2011
9_11_anniversary_us
Image caption စက်တင်ဘာ ၁၁ ရက် အောက်မေ့ဖွယ် အခမ်းအနား

အမေရိကန် ပြည်ထောင်စု မှာ လွန်ခဲ့ တဲ့ ၁၀ နှစ် က လူပေါင်း ၃၀၀၀ ကျော် အသက် ဆုံးရှုံး ခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက်အောက် မေ့ ဖွယ် အခမ်း အနားတွေကို သမ္မတအို ဘားမားက ဦးဆောင် လို့ ကျင်းပခဲ့ ကြ ပါတယ်။

တရားဝင် အောက်မေ့ဖွယ် အခမ်း အနား တွေကို အခင်း ဖြစ်ပွား ခဲ့တဲ့ နေ့က ခရီး သည်တင် လေ ယာဉ် ၂ စင်း နဲ့ ဝင်တိုက်တာ ခံခဲ့ ရတဲ့ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟို ဌာန ဖြစ်တဲ့ မိုးမျှော် တိုက် ညီနောင် ရှိခဲ့တဲ့ နယူးယောက် မြို့မှာ စတင်ပြီး ကျင်းပ ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ သမ္မတ အိုဘားမား ဟာ အလ်ခိုင်းဒါးတွေ ပြန်ပေးဆွဲ လာတဲ့ လေယာဉ် ပေါ်မှာ ပါလာတဲ့ ခရီးသည် တွေက အလ်ခိုင်းဒါးတွေ ကို ပြန်လည်ပြီး တိုက်ခိုက် ကြရင်း ပျက်ကျ ခဲ့ရတဲ့ ပဲန်ဆယ်လ် ဗေးနီးယားက လေယာဉ် ပျက်ကျ ခဲ့ရာ နေရာ နဲ့ တိုက်ခိုက် ခံခဲ့ ရတဲ့ နောက် တနေရာ ဖြစ်တဲ့ ပင်တဂွန် စစ်ဌာန ချုပ်ရှိရာ တို့ကိုလဲ သွား ရောက် ပြီး ပန်းခွေ ချခဲ့ ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က အသက် ဆုံးရှုံး ခဲ့ရသူတွေ ဟာ အမေရိကန် တနိုင်ငံထဲ ကသာ မကဘဲ ကမ္ဘာ တဝှမ်းက နိုင်ငံပေါင်း ၁၀၀ ကျော်က လူမျိုး ပေါင်းစုံလဲ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် မို့လို့ လဲ ဒီ စက်တင်ဘာ ၁၁ ရက် အောက်မေ့ဖွယ် အခမ်းအနား တွေကို ကမ္ဘာ တဝှမ်း က နိုင်ငံ အသီးသီး မှာ လဲကျင်းပ ခဲ့ကြ ပါတယ်။ ဗြိတိန် နိုင်ငံက လန်ဒန် မြို့မှာလဲ ကျင်းပ ခဲ့ကြ သလို၊ အီတလီ နိုင်ငံ မှာလဲ ပုပ် ရဟန်း မင်းကြီး ဘဲန်းနက်ဒစ်က ဦးဆောင်ပြီး ဆုတောင်း ပွဲကြီးကို ကျင်းပခဲ့ ကြပါတယ်။