အယ်ကိုင်းဒါးတွေ ချိနဲ့လာပြီလို့ CIA အကြီးအကဲပြော

  • 13 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption စီအိုင်အေ အကြီးအကဲသစ် David Petraeus

အယ်ကိုင်းဒါးတွေရဲ့ အဓိက စစ်ဆင်ရေး အင်အား ချိနဲ့လာပြီ ဖြစ်ပေမယ့် ကမ္ဘာတလွှားက အယ်ကိုင်းဒါး မဟာမိတ် တွေရဲ့ ခြိမ်းခြောက်မှုကိုတော့ အချိန်အတော်ကြာ ရင်ဆိုင် နေရတယ်လို့ အမေရိကန် ထောက်လှမ်းရေး CIA စီအိုင်အေ အဖွဲ့ အကြီးအကဲသစ် David Petraeus ဒေးဗစ် ပက်ထရီးယက်စ်က ပြောပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန်က အယ်ကိုင်းဒါး ခေါင်းဆောင်တွေ အကြီးအကျယ် ဆုံးရှုံးခဲ့တာကြောင့် သူ့အဆိုအရ ဒီအဖွဲ့တွေအတွက် ဆိုးရွားတဲ့ အထိနာမှုကို ဖြစ်စေတယ်လို့ မစ္စတာ ပက်ထရီးယက်စ်က ဆိုပါတယ်။

ဒါပေမယ့် လာမယ့် ဆယ်နှစ်အတွင်း အယ်ကိုင်းဒါးနဲ့ အပေါင်းပါတွေ အထူးသဖြင့် ယီမင် အခြေစိုက် အာရေဗျ ကျွန်းဆွယ်က အယ်ကိုင်း အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုက အမေရိကန် အပေါ် ပိုတိုးလာတာ ကြုံရလိမ့်မယ်လို့ သူက သတိ ပေးထားပါတယ်။

ဝါရှင်တန် မြို့တော်မှာ ထောက်လှမ်းရေး ကော်မတီရဲ့ ကွန်ဂရက် ကြားနာပွဲမှာ မစ္စတာ ပက်ထရီးယက်စ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။