မသန့်ရှင်းတဲ့ ဆီတွေ တန် ၁၀၀ ကျော်ဖမ်းမိ

  • 13 စက်တင်ဘာ 2011
oil ဓာတ်ပုံ မူပိုင် AFP
Image caption သုံးပြီးသား ဆီတွေကို ပြန်ချက်ရောင်း

တရုတ်နိုင်ငံမှာ ဥပဒေနဲ့ မကိုက်ညီတဲ့ စားသုံးဆီဟောင်းတွေပြန်ချက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို တားဆီး အရေးယူဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စီမံကိန်းချ ဆောင်ရွက်ခဲ့ရာမှာ လူပေါင်း ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။

ပြည်နယ် ၁၄ ခုမှာ စုစုပေါင်း ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ စားသုံးဆီ တန်ချိန် တရာကျော် ဖမ်းမိခဲ့ပါတယ်။

တချို့ဆီတွေဟာ စားသောက်ဆိုင်တွေက သုံးစွဲပြီးတဲ့ ဆီကျန်တွေဖြစ်ပါတယ်။

စားသုံးဆီမှောင်ခို ထုတ်လုပ်နေတဲ့ စက်ရုံ ၆ ရုံကို တွေ့ရှိခဲ့ပြီး တချို့ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အဲဒီဆီတွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

စက်ရုံတရုံကတော့ မီးဖိုချောင်က ဆီအကျန်တွေကို စက်ရုံသုံးလောင်စာဆီအဖြစ် ထုတ်လုပ်ဖို့ရည်ရွယ်ပေမယ့် စားသုံးဆီ အဖြစ် ပြန်လည်ရောင်းချနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။