ညဉ့်နက်ပိုင်း အထိ ကာဘူးမြို့က တိုက်ခိုက်မှုတွေ မရပ်သေး

  • 13 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Getty
Image caption ကာဘူးမြို့က တိုက်ခိုက်မှု အခုထိ မရပ်သေး

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် Kabul မှာ တာလီဘန် စစ်သွေးကြွတွေ ဝင်တိုက်ခဲ့တာ ၁၂ နာရီကျော် ကြာပြီ ဖြစ်ပေမယ့် စစ်တပ်နဲ့ ရဲက ထိန်းချုပ်နိုင်ဖို့ ဆက်လက် တိုက်ခိုက် နေရစဲလို့ သိရပါတယ်။

တိုက်ခိုက်မှု စတင်ဖြစ်ခဲ့တဲ့ အဆောက်အဦ ပေါ်ကနေ ဗုံးပေါက်ကွဲသံတွေ သေနတ်သံတွေကို ညဉ့်နက်ပိုင်းအထိ ကြားနေရစဲလို့ ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ စစ်သွေးကြွတွေက ရဲစခန်း အဆောက်အဦကို ဝင်ရောက် တိုက်ခိုက် ခဲ့သလို အမေရိကန် သံရုံးနဲ့ NATO-led international force နေတိုး ဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ ISAF ရုံးချုပ် တွေကို လက်နက်ကိုင် စစ်သွေးကြွတွေက အမြောက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အနည်းဆုံး ရဲလေးယောက် ၊ အရပ်သား နှစ်ယောက်နဲ့ တာလီဘန် တိုက်ခိုက်ရေး သမား ၆ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။