ဥရောပ အနောက်ခြမ်းမှာ တီဘီရောဂါသစ် ဖြစ်ပွားမှုတိုး

  • 14 စက်တင်ဘာ 2011
Image caption World Health Organisation အကြီးအကဲ

ဥရောပ အနောက်ပိုင်းမှာ လက်ရှိ တီဘီ ဆေးတွေ မတိုးတော့တဲ့ တီဘီ ရောဂါသစ် ဖြစ်ပွားမှုတွေဟာ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလောက်တဲ့ အခြေအနေ ဖြစ်လာ နေတာမို့လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးWHO က သတိပေးထားပါတယ်။

ဥရောပ အနောက်ပိုင်းမှာ တီဘီ ရောဂါသစ် ပေါ်ထွန်း လာနေပြီး နှစ်စဉ် လူနာသစ် ရှစ်သောင်းလောက် ရှိတယ်လို့ WHO က ပြောပါတယ်။

ဥရောပ အနောက်ပိုင်း ဒေသတွေ ထဲက လန်ဒန်မြို့မှာ အများဆုံး ဖြစ်ပွားခဲ့ပြီး နှစ်စဉ် တီဘီ ရောဂါသည် သုံးထောင်ငါးရာ ရှိတယ်လို့ သိရပါတယ်။

WHO က ရောဂါ ကုထုံးတွေ ကုသဖို့ နည်းလမ်းတွေ တိုးမြှင့် ရှာဖွေဖို့ စီစဉ်နေပြီး ရောဂါ တိုက်ဖျက်ရေး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ရင် ၂ဝ၁၅ ခုနှစ်မှာ ဥရောပ တလွှားက လူ တသိန်း နှစ်သောင်းရဲ့ အသက်ကို ကယ်တင်နိုင် လိမ့်မယ်လို့ ယူဆနေပါတယ်။