ဆတ်ဒ် မြို့ကို ထိုးစစ်အသစ် တွေ စဆင် ပြီ

  • 18 စက်တင်ဘာ 2011
SIRTE ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျား အတိုက်အခံ တပ်ဖွဲ့ဝင်များ

လစ်ဗျား နိုင်ငံက ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ မြို့ဖြစ်တဲ့ ဆတ်ဒ် ကို အတိုက် အခံ တပ်တွေ က ထိုးစစ် ဆင်မှု အသစ်တွေ စတင် လိုက် ကြပါတယ်။

အတိုက် အခံ တပ်ဖွဲ့ ဝင်တွေက စက် သေနတ် ကြီး တွေနဲ့ ဒုံးကျည် တွေ ရဲ့ အကူ အညီ တွေနဲ့ မြို့ထဲက လူနေ ထူထပ် တဲ့ အရပ် တွေ ထဲကို ဝင် ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီ တိုက်ပွဲ တွေ ဖြစ်ပွား ရာကနေ မီးခိုး လုံးကြီး တွေ တက်လာ နေတာ ကို မြင်ရတယ်လို့ လဲသိရပါတယ်။

အဲဒီလို ကြိုးပမ်း ကြပေ မယ့်လဲ ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံ ကြသူ တွေက အပြင်း အထန် ဆက်လက် ခုခံနေဆဲ ဖြစ်တာကြောင့် ဘာမှ သိပ်ပြီး ထိရောက် မှု မရှိလှဘူး လို့လဲ သတင်း တွေ ရရှိ ပါတယ်။

နောက်ထပ် ကဒါဖီရဲ့ ခြေကုတ် စခန်း တခု ဖြစ်တဲ့ ဘန်နီ ဝါလိဒ် မြို့မှာတော့ အတိုက်အခံ တပ်တွေ ပြီးခဲ့တဲ့ သောကြာနေ့က ဆုတ်ခွာ လာခဲ့ရတဲ့ နောက်ပိုင်းမှာ ပြန်ပြီး အင်အားဖြည့် နေ ကြတာ က လွဲပြီး သိပ်လှုပ် ရှားမှု မရှိဘူးလို့ သိရ ပါတယ်။