ကမ္ဘာတလွှားအသံလွှင့် ဌာန ရွှေ့တော့မယ်

  • 19 စက်တင်ဘာ 2011
bush_house
Image caption ဘီဘီစီ ဘုရှ် ဟော့က်စ် အဆောက်အအုံ

လာမယ့် နှစ်မှာ ရုံးနေရာကို ပြောင်း ရွှေ့တော့မှာ ဖြစ်တဲ့ဘီဘီစီရဲ့ World Service ကမ္ဘာ တလွှား အတွက် အသံ လွှင့်ဌာန ကြီး ရဲ့ လက်ရှိ ရုံးနေရာကို လူ ရာပေါင်း များစွာဟာ လာရောက် ကြည့်ရှု နေကြ ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ကုန်ပိုင်း မှာလဲ လန်ဒန် မြို့လယ်က ရုံး နေရာ အဆောက် အအုံ ကြီး ဖြစ်တဲ့ ဘုရှ် ဟော့က်စ် ( Bush House) ကို ဧည့်သည် တွေကို ဖိတ်လို့ ပြသ ခဲ့ကြ ပါတယ်။

ဒီ ဘုရှ် ဟော့က်စ် ဟာ ဆိုရင် ၁၉၄၀ ခုနှစ် ကစလို့ ကမ္ဘာတလွှား အသံလွှင့် ဌာန ကြီး ရဲ့ ရုံးချုပ် ကြီးဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းကလဲ နာဇီတွေရဲ့ ဝါဒ ဖြန့်ချက် တွေကို တုန့်ပြန်တဲ့ ဂျာမန် ဘာသာ နဲ့ အသံလွှင့်ချက် တွေကို ထုတ်လွှင့် ပေးခဲ့သလို၊ ပြည်ပကို ရောက်နေခဲ့ရတဲ့ ပြင်သစ် ခေါင်းဆောင် ဗိုလ်ချုပ် ဒီ ဂေါ်လ် ရဲ့ ပုံမှန် ပြင်သစ် ပြည်သူ တွေအတွက် အသံလွှင့် ချက် တွေကိုလဲ ဒီ ဘုရှ်ဟောက်စ် ကနေပဲ လွှင့်ထုတ်ပေး ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နှစ် အကုန် ပိုင်း လောက်က စပြီး ကမ္ဘာတလွှား အတွက် အသံလွှင့် အစီအစဉ် တွေကို လန်ဒန်မြို့ မှာ ရှိတဲ့ ဘီဘီစီရဲ့ တခြား ထင်ရှားတဲ့ အဆောက်အအုံ ဖြစ်တဲ့ Broadcasting House အသံလွှင့်ရုံ ကနေ ထုတ်လွှင့် ပေးသွား မှာ ဖြစ်ပါတယ်။