လစ်ဗျားမှာ တိုက်ပွဲတွေ ပြင်းထန်နေ

  • 18 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ကဒါဖီတပ်တွေက ဘန်နီဝါလိ မြို့စွန်ပိုင်းကို အမြောက်တွေနဲ့ ပစ်ခတ်နေ

လစ်ဗျားနိုင်ငံမှာ ကဒါဖီ သစ္စာခံတပ် တွေဟာ ဆာတ်မြို့နဲ့ ဘန်နီဝါလိမြို့တွေကို ဆက်ပြီး ထိန်းချုပ်ထားတာကြောင့် ကဒါဖီကို ဆန့်ကျင် တိုက်ခိုက်နေသူတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဒီမြို့ နှစ်မြို့ဟာ ကဒါဖီတပ်တွေရဲ့ နောက်ဆုံး ကျန်ရှိတဲ့ အမာခံမြို့တွေ ဖြစ်ကြပါတယ်။

ဘန်နီဝါလိကလာတဲ့ သတင်းတွေအရကတော့ ကဒါဖီတပ်တွေဟာ သူပုန်တပ်တွေ နေရာယူ ထားတဲ့ မြို့စွန်ဘက်ပိုင်းကို အမြောက်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် ပေါက်ကွဲသံတွေနဲ့ အတူ စက်သေနတ်ကြီး ပစ်ခတ်သံတွေကိုပါ ဒီကနေ့ မနက်ပိုင်းမှာ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ကဒါဖီကို ဆန့်ကျင်တိုက်ခိုက်နေသူတွေကလည်း ခံစစ်နေရာတွေကို အမြောက်နဲ့ပစ်ပြီး အရှေ့ကို တဖြည်းဖြည်းချင်း ချီတက်လာနေတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါ တယ်။

အဲဒီနောက်မှာတော့ ကဒါဖီတပ်ဖွဲ့တွေ အင်အား ချိနဲ့ သွားတဲ့အခါ ဝင်သိမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။