ယီမင်မှာ ဆန္ဒပြသူတွေ အပစ်ခံရ

  • 19 စက်တင်ဘာ 2011
yemen demo ဓာတ်ပုံ မူပိုင် AP
Image caption ယီမင် က ဆန္ဒပြပွဲ တခု

ယီမင် နိုင်ငံက မြို့တော် ဆန်နာမှာ တော့ သောင်းနဲ့ချီ ရှိတဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖြိုခွဲခဲ့ တဲ့ အတွက် လူပေါင်း ၂၅ ဦးထက် မနည်း သေဆုံး ခဲ့ကြရပြီး ရာနဲ့ ချီလို့ ဒဏ်ရာရသွား ခဲ့ပါတယ်။

သမ္မတ နန်းတော် ဘက်ကို ချီတက် နေကြတဲ့ ဆန္ဒပြသူ တွေကို ရဲတွေ က လေယာဉ်ပစ် တဲ့ လက်နက် မျိုးတွေ နဲ့ပါ ပစ်ခဲ့ကြတယ် လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

နောက်ပြီး လွန်ခဲ့တဲ့ ဖေဖော်ဝါရီ လက စပြီး တောင်းဆို ချက်တွေ တောင်းဆို ရင်း ဆန္ဒ ပြ သူ တွေ စခန်း ချနေကြတဲ့ ပြောင်းလဲခြင်း ရင်ပြင် ရဲ့ အနား မှာလဲ ရဲတွေ က ပစ်ခတ် ကြ တဲ့အပြင် မျက် ရည်ယို ဗုံး တွေပါ သုံးခဲ့ ကြတယ် လို့ ဆိုပါတယ်။

ဒါဟာ ၂ လ လောက် အတွင်း အဆိုးရွား ဆုံး ရင်ဆိုင်မှုတွေ လဲ ဖြစ်ပါတယ်။ ယီမင် ကာကွယ် ရေး ဝန်ကြီး ဌာန ဘက်ကတော့ ဒီဖြစ်ရပ် တွေ နဲ့ပတ်သက်ပြီး ဆန္ဒပြကြ သူတွေကို ပဲ အပြစ် တင်ပါတယ်။

ဆန္ဒပြကြသူ တွေက ပြီးခဲ့တဲ့ ဇွန်လက နေအိမ် ဝန်း အတွင်း မှာ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ ရတာ ကြောင့် အခု ဆော်ဒီ အာရေဗျ နိုင်ငံမှာ ဆေးဝါး ကုသ မှုခံနေတဲ့ သမ္မတ အာလီ အဗ္ဗဒူလာ ဆာလေးကို သမ္မတ ရာထူးကနေ ဖယ်ပေး ဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။