ပါကစ္စတန် ထိန်တန်းရဲအရာရှိအိမ် တိုက်ခိုက်ခံရ

  • 19 စက်တင်ဘာ 2011
Pakistan ဓာတ်ပုံ မူပိုင် BBC World Service
Image caption တာလီဘန်က ကားဗုံးနဲ့ တိုက်ခိုက်

ပါကစ္စတန်နိုင်ငံ ကရာချီမြို့က ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးကို ပစ်မှတ်ထားပြီး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ ရမှုတစ်ခုမှာ လူ ၈ ဦး သေဆုံးခဲ့ပါတယ်။

အဆင့်မြင့်ရဲအရာရှိ ချောင်ဒရီ မိုဘာမက် အက်စလန်ကိုယ်တိုင်ကတော့ ထိခိုက် ဒဏ်ရ မရခဲ့ပေမယ့် သေဆုံးခဲ့သူတွေထဲမှာ ရဲသား ၆ ဦး ပါဝင်ပါတယ်။

မစ္စတာ အက်စလန် အိပ်နေတဲ့အချိန်မှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားတစ်စီးက သူ့အိမ်ကို ဝင်တိုက်ပြီး တိုက်ခိုက်ခဲ့တာပါ။

ပါကစ္စတန်မှာ ရှိတဲ့ တာလီဘန်တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောပါတယ်။ မစ္စတာ အက်စလန်ကနေ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို ဖမ်ဆီး သတ်ဖြတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။