တိုင်ဝမ်ကို အမေရိကန်က လက်နက်ထပ်ရောင်း

  • 22 စက်တင်ဘာ 2011
Image caption F-16 တိုက်လေယာဉ် ပျံသန်းသွားပုံ

တိုင်ဝမ်က အမေရိကန်လုပ် F-16 တိုက်လေယာဉ်ဟောင်းတွေကို လက်ရှိ အနေအထား ထက် အဆင့်မြင့်အောင် တပ်ဆင်ပေးမယ့် အစီအစဉ်ကို တရုတ်က ဆန့်ကျင်တာကြောင့် အမေရိကန် သံအမတ် Gary Locke ဂယ်ရီ လော့ခ် ကို ဖြေရှင်းချက်ပေးဖို့ ဆင့်ခေါ် လိုက်ပါတယ်။

တရုတ်က ထိုင်ဝမ်ကို သူတို့ရဲ့ ခွဲထွက်နယ်မြေ အဖြစ်သာ အသိအမှတ်ပြု ထားတာ ဖြစ်ပြီး အမေရိကန်က ထိုင်ဝမ်မှာ ဒေါ်လာ သန်းငါးထောင် တန်ဖိုးရှိ စစ်လက်နက် တပ်ဆင် ပေးမယ့် အစီအစဉ်ကြောင့် တရုတ် အမေရိကန် ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ လုံခြုံရေး ဆိုင်ရာ ပူးတွဲ စစ်ဆင်ရေး တွေကို ထိခိုက်စေလိမ့်မယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

တကယ်တော့ တရုတ်ထုတ် နောက်ဆုံးပေါ် တိုက်လေယာဉ်တွေနဲ့ ယှဉ်တိုက်နိုင်တဲ့ ပိုပြီး ခေတ်မှီတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ် တွေကို တိုင်ဝမ်က ဝယ်လိုတာ ဖြစ်ပေမယ့် အမေရိကန်က တိုင်ဝမ်ရဲ့ လက်ရှိ F-16 တိုက်လေယာဉ်တွေကို အဆင့်မြှင့်ရုံသာ လုပ်ဆောင်ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စ အရောင်းအဝယ် ဖြစ်ခဲ့ရင် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မယ်လို့ သတိပေးနေတဲ့ တရုတ်ကို အမေရိကန်က နှစ်သိမ့်ဖို့ ကြိုးစားနေတယ်လို့ တချို့ လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။