ဂရိမှာ ခြိုးချန်ချွေတာရေး ထပ်လုပ်ပြန်ပြီ

  • 22 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိ ဘဏ္ဍာရေး ဝန်ကြီး

ဂရိခ် အစိုးရဟာ နိုင်ငံတကာ မြီရှင်တွေရဲ့ ဆန္ဒအတိုင်း ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့ တင်းကြပ်တဲ့ ခြိုးချန် ချွေတာရေး အစီအစဉ်သစ်တွေရဲ့ အသေးစိတ် အချက်အလက် တွေကို ကြေညာခဲ့ပါတယ်။

အဲဒီ အစီအစဉ်တွေ အရ အစိုးရ ဝန်ထမ်း သုံးသောင်းလောက်ဟာ အလုပ်ဆင်းစရာ မလိုတော့ဘဲ သူတို့လစာရဲ့ ၆ဝ ရာခိုင်နှုန်းကို ရကြမှာ ဖြစ်ပြီး တနှစ်အတွင်း အလုပ်အသစ် မရှာနိုင်ရင် အလုပ်ပြုတ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အငြိမ်းစား လစာတွေကိုလည်း ထပ်မံ ဖြတ်တောက်မှာ ဖြစ်ပြီး အခွန်တိုးကောက်ဖို့ လုပ်ဆောင်တော့မှာပါ။

အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်နိုင်ရင် နောက်ထပ် ချေးငွေသစ်တွေ ထပ်ပေးမှာ မဟုတ်ဘူးလို့ ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့တို့က သတိပေး ထားပါတယ်။