ကဒါဖီ နောက်ဆုံး ခြေကုပ်ရာ ဆာဟာ့မြို့ကို သိမ်းလိုက်ပြီ

  • 23 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption Sabha မြို့ကို ကဒါဖီတပ်တွေ လက်က သိမ်းလိုက်ပြီ

လစ်ဗျား အစိုးရသစ်ရဲ့ တပ်ဖွဲ့တွေက နိုင်ငံ တောင်ပိုင်းမှာ အကြီးဆုံး ဖြစ်တဲ့ Sabha ဆာဟာ့မြို့ကို အခု သိမ်းယူလိုက်နိုင်ပြီလို့ ဆိုပါတယ်။

ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေ အဲဒီမြို့က လမ်းတွေပေါ်မှာ ပြည့်နေပြီး လေထဲကို သေနတ်တွေ ပစ်ဖောက်က အောင်ပွဲခံ နေကြပါတယ်။

ဆာဟာ့မြို့ဟာ ကဒါဖီ တပ်ဖွဲ့တွေ နောက်ဆုံး အခြေကုပ်ယူ ထားတဲ့ မြို့တွေထဲက တမြို့ ဖြစ်ပြီး သူ့အတွင်းလူတွေနဲ့ ဗိုလ်မှူးကြီး ကဒါဖီတို့ အဲဒီမှာ ပုန်းအောင်နေကောင်း နေနိုင်တယ်လို့ ယူဆ ထားခဲ့ကြပေမယ့် အခုချိန်အထိ တော့ သူ့ကို အဲဒီမြို့မှာ ရှာမတွေ့ ခဲ့ပါဘူး။

ဒီမြို့ဟာ တောင်ပိုင်းက နီဂျဲ နိုင်ငံကို သွားတဲ့ အဝေးပြေး လမ်းမကြီး ပေါ်မှာ ရှိတာကြောင့် မဟာ ဗျူဟာအရ အရေးပါတဲ့ မြို့ဖြစ်တယ်လို့ ဆာဟာ့မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုတော့ ကဒါဖီ ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေဟာ နိုင်ငံတောင်ပိုင်း ဒေသ တော်တော် များများကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ပေမယ့် တခြား ကဒါဖီ အခြေကုပ်ယူရာ Bani Walid ဘန်နီ ဝါလီနဲ့ Sirte ဆာ့ထ်မြို့တွေ ကတော့ ဆက်လက် ကြံကြံခံ ခုခံဆဲလို့ သိရပါတယ်။