ပုပ်ရဟန်းမင်းကြီး ဂျာမနီရောက်

  • 22 စက်တင်ဘာ 2011
ပုပ်ရဟန်းမင်းကြီးနဲ့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ် ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပုပ်ရဟန်းမင်းကြီးနဲ့ ဂျာမန်ဝန်ကြီးချုပ် မာကဲလ်

ပုပ်ရဟန်းမင်းကြီး ဘင်နဒစ်ရဲ့ ဂျာမနီနိုင်ငံ ပြည်တော်ပြန် ခရီးမှာ ဝန်ကြီးချုပ် အင်ဂျလာ မာကဲလ်က ဘာလင် လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။

ဂျာမန် ပါလီမန်မှာ ဒီကနေ့ နှောင်းပိုင်းမှာ ရဟန်းမင်းကြီးက မိန့်ခွန်းပြောသွားပြီး ဒါဟာ ရိုမန် ကက်သလစ် ကျောင်းတော်မှ ခေါင်းဆောင် တယောက် ပထမဦးဆုံး လွှတ်တော်မှာ စကားပြောမှာ ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ အနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ နိုင်ငံရေး မလဲသင့်ဘူးလို့ မိန့်ခွန်းထဲမှာ ပြောပါတယ်။

ကက်သလစ်ဂိုဏ်းရဲ့ လိင်တူ ဆက်ဆံရေးနဲ့ ပဋိသန္ဓေ တားဆီးမှုကို ဆန့်ကျင်တဲ့ မူဝါဒတွေကို ကန့်ကွက်တဲ့အနေနဲ့ ပါလီမန်အမတ် ၁၀၀ လောက် မတက်ပေမဲ့ တက်ရောက် သူတွေက မိန့်ခွန်းကို သြဘာပေးခဲ့ပါတယ်။