အာကာသထဲမှ ဂြိုဟ်တုအပိုင်းအစများ ကျလာနေ

  • 23 စက်တင်ဘာ 2011
အာကာသထဲမှ ဂြိုဟ်တု အပိုင်းအစများ
Image caption အာကာသထဲမှ ဂြိုဟ်တု အပိုင်းအစများ

အာကာသ ထဲ က အလုပ်မလုပ်တော့တဲ့ ဂြိုလ်တု တလုံး ရဲ့ အပိုင်းအစတွေ ကမ္ဘာ ပေါ် ကို လာမယ့် ၂၄ နာရီ အတွင်း ကျလာနိုင်တယ် လို့ နာဆာ အဖွဲ့ က ခန့်မှန်း ထားပါတယ်။ ဒီ အပိုင်းအစ တွေ ကမ္ဘာ့ ဘယ်နေရာ ကို မဆိုကျရောက် နိုင်တယ်လို့ လည်း သိရပြီး ဒါတွေ လူတွေ အပေါ်ကျလာမယ့် အလားအလာ က လည်း အကြိမ် ၃ ထောင် မှာ ဖြစ်နိုင်ချေ ၁ ကြိမ် လောက် ရှိတယ် လို့ အမေရိကန် အမျိုးသား အာကာသ လေ့လာစူးစမ်းရေး အဖွဲ့ နာဆာ က ဆိုပါတယ်။

ကမ္ဘာပတ်လမ်း ထဲမှာ အခု ဒီ ဂြိုလ်တု ကို လွှတ်တင်ထားစဉ် က ကမ္ဘာ့လေထု အထက်လွှာ မှာ ဓာတု ဒြပ်ပေါင်းတွေ ပါဝင်မှု အနေအထား ကို အမြဲတစေ စောင့်ကြည့် လေ့လာဖို့ ရည်ရွယ်ခဲ့ပြီး အဲဒီ ရလာဒ် တွေ ကနေ တဆင့် အိုဇုန်းလွှာ အနေအထား နဲ့ ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲမှု အနေအထား ကို တွက်ဆ ခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၀၅ ခုနှစ် မှာ အလေးချိန် ၆ တန် လောက်လေး တဲ့ ဒီဂြိုလ်တု ရဲ့ အလုပ် တာဝန် ကုန်ဆုံးခဲ့ပြီး အဲဒီ အချိန် ကတည်း က ကမ္ဘာ့ပတ်လမ်း တွင်း နိမ့်နိမ့် ကျ လာရာ နေ စနေနေ့ လောက်ဆိုရင် ကမ္ဘာ မြေကို ပြုတ် ကျ လာတဲ့ အထိ ဖြစ် လာမှာ ပါ။

အခုဂြိုလ်တု ရဲ့ ထုထည် အများစု က ကမ္ဘာ့လေထု ထဲ မှာ ကွဲကြေထွက်သွား နိုင်ပေ မယ့် အနည်းဆုံး အရွယ်ကြီးတဲ့ အပိုင်း အစ ၂၆ ခုလောက် ကမ္ဘာ ဆီ ပြန်ကျရောက် လာနိုင်တယ် လို့ နာဆာ မှာရှိတဲ့ သိပ္ပံပညာရှင်တို့ရဲ့ အကြီးအကဲ နီကိုလပ် ဂျွန်ဆင် ကပြောပါတယ်။

ဒီအပိုင်း အစ တွေ ဟာ တနာရီ မိုင် ၁၀၀ ကျော် နှုန်း လောက် အရှိန်နဲ့ ကမ္ဘာမြေပေါ် ပြန်ကျရောက် လာနိုင်တယ် လို့ လည်း သူ ကပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီဂြိုလ်တု အပိုင်း အစ တွေဟာ ကမ္ဘာ့မြေပြင် ပေါ် ကျလာတာထက် စာရင် မြေပြင်ထက် ဧရိယာ ပိုများ တဲ့ ပင်လယ် သမုဒ္ဒရာ တွေ ထဲ ကျသွားဖို့ ပိုများ တယ်လို့ လည်းတွက်ဆ နေကြပါတယ်။

လူတွေထဲကို ဂြိုလ်တု အပိုင်း အစ တွေ ကျလာရင်လည်း ဒီ အရာ တွေ ကို သွားမထိ ဖို့ နာဆာ က သတိပေးထားပါတယ်။ ဒါတွေကို တွေ့ရင် အရေးပေါ် ဌာန တွေဆီ အကြောင်းကြား ဖို့ လည်း သူတို့ က ပန်ကြား ထားပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို့ အာကာသ ဆိုင်ရာ လေ့လာသုံးသပ်သူ ဒေါက်တာ ခရစ် ရယ်လေး က ဒီအပိုင်း အစ တွေယာ ချွန်ထက် စူးရှ နေတာ တွေလည်း ဖြစ်နိုင်သလို ကမ္ဘာမြေ ဆီ ပြန် အရောက်မှာ အလွန်အမင်း အပူရှိန် ပြင်း နေတာတွေလည်း ဖြစ်နိုင်ပါတယ်။