လစ်ဗျား နောက်ဆုံး အခြေအနေ

  • 25 စက်တင်ဘာ 2011
libya ဓာတ်ပုံ မူပိုင် AP
Image caption လစ်ဗျား အသွင်ပြောင်း တပ်ဖွဲ့ဝင်များ

လစ်ဗျား နိုင်ငံမှာတော့ အသွင်ပြောင်း အစိုးရရဲ့ တပ်တွေက ကဒါဖီ လိုလားတဲ့ သူတွေရဲ့ နောက်ဆုံး ခံတပ်မြို့ တွေထဲက တမြို့ဖြစ်တဲ့ ဆတ် မြို့ ကို တိုက်ခိုက် နေကြ ရာမှာ သိသိသာသာ တိုးတက် မှုတွေ ရခဲ့ တယ်လို့ သိရ ပါတယ်။

ရက် အတော်ကြာရှေ့မတိုး နိုင်ဖြစ်နေ ခဲ့ကြရာကနေပြီး စနေနေ့ ကတော့ ၂ ဘက်က နေပြီး ဆတ် မြို့ဆီကို ထိုးဖောက် နိုင်ခဲ့ ကြတယ် လို့ ဆိုပါတယ်။ တကြိမ်မှာ ဆိုရင် မြို့လယ်နဲ့ ၁ ကီလိုမီတာ အတွင်း လောက် အကွာအဝေး အထိကို တောင် ရောက်ခဲ့ ကြပါတယ်။

ဆတ်မြို့ ရဲ့ ဆင်ခြေဖုန်း မှာ ရောက်နေကြတဲ့ တပ်ဖွဲ့တွေဟာ ညပိုင်းမှာ လူပြန်စု ပြီး မနက် ရောက်တဲ့ အခါမှာ တော့ နောက်ဆုံး အပြီးသတ် ထိုးစစ် ဆင်ဖို့ ပြင်ဆင်နေကြ တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဆတ် မြို့တွင်းမှာတော့ မြို့နေ လူထုဟာ မကြာမီ ရက်ပိုင်း အတွင်းမှာကို စားနပ် ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ် မှုတွေ ကို ရင်ဆိုင် ရဖို့ ရှိနေတယ်လို့ အဲဒီက မြို့ခံ တဦးဖြစ်တဲ့ မူစတာဖာ က ဘီဘီစီကို ပြောပါတယ်။

သူက ပြောကြားရာမှာ တော့ ရိက္ခာတွေက ဒီနေ့ ဒါမှမဟုတ် နောက်တနေ့ လောက်ဆို ပြတ်တောက် တော့မှာ ဖြစ်ကြောင်းနဲ့ ဘာမှာလဲ မရှိတော့ကြောင်း၊ တချို့ လူတွေဆို တံခါးနဲ့ ပြူတင်းပေါက် တွေက သစ် သားတွေ ကို ချိုးဖဲ့လို့ အစား အစာ ချက်ပြုတ် ရာမှာတောင် သုံးနေကြရ ပြီ ဖြစ်ကြောင်း တွေ ကို ပြောပြ သွားပါတယ်။

ဒီဆတ်မြို့ ဟာ ကဒါဖီရဲ့ မွေးရပ်မြေ ဖြစ်ပြီး ဒီမြို့ကိုသာ သိမ်းပိုက် လိုက်နိုင်လို့ ကတော့ အရေးပါတဲ့ အောင်ပွဲ တခု ဖြစ်လာ လိမ့်မယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက် က သုံးသတ် ထားပါတယ်။