လစ်ဗျားက NTC တပ်တွေ ဆာ့တ်မြို့ကို ဝင်တိုက်ပြီ

  • 24 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption NTC တပ်ဖွဲ့တွေက ရောကက်တွေနဲ့ အရင် ပစ်ခတ်ခဲ့ တာဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံ အမျိုးသား အသွင်ကူး ပြောင်းရေး ကောင်စီ NTC တပ်ဖွဲ့တွေဟာ ကဒါဖီရဲ့ နောက်ဆုံး လက်ကျန် အမာခံမြို့ ၂ မြို့ထဲက တခုဖြစ်တဲ့ ဆာ့တ်မြို့ကို ဝင်ရောက် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။

NTC တပ်ဖွဲ့တွေဟာ မြို့အနောက်ဘက်ကနေ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး မြို့လယ်အနီးမှာ ကဒါဖီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစောပိုင်းကတော့ NTC တပ်ဖွဲ့တွေကနေ ရောကက်တွေနဲ့ ကဒါဖီတပ်တွေကို ပစ်ခတ်ခဲ့ ပါတယ်။

တချိန်တည်းမှာပဲ နေတိုးတပ်ဖွဲ့ရဲ့ ဂျက်တိုက်လေယာဉ် အသံတွေကိုလည်း ကြားနေရပြီး၊ ဆာ့တ်မြို့လယ်ကနေ မီးခိုး အမဲလုံးတွေ တလိမ့်လိမ့် တက်လာနေတယ် လို့ ရိုက်တာ သတင်းအေဂျင်စီက ပြောပါတယ်။

ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ နေတိုးအဖွဲ့ကတော့ အခုအချိန်အထိ မှတ်ချက်ပေးပြောဆိုမှု မလုပ်သေးပါဘူး။