ဗလာဒီမာပူတင် သမ္မတ အရွေးခံမယ်

  • 24 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ပူတင်ဟာ အရင်တုန်းက သမ္မတ သက်တန်းနှစ်ခု တာဝန်ယူခဲ့ဖူးပါတယ်

ရုရှား ဝန်ကြီးချုပ် ဗလာဒီမာ ပူတင် အနေနဲ့ လာမယ့် ၂၀၁၂ သမ္မတ ရွေးကောက် ပွဲမှာ ဝင်အရွေးခံ သင့်ကြောင်း လက်ရှိ သမ္မတ ဒီမက်ထရီ မက်ဗီရေးဒက်က ပြောကြားလိုက်ပါတယ်။

ပါတီလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ရွေးကောက်ပွဲ မှာ အောင်နိုင်မယ့်၊ အစိုးရရဲ့ လုပ်ငန်းတွေကို လက်တွေ့ကျကျ အကောင်အထည်ဖေါ်နိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ ပါတီရဲ့ခေါင်းဆောင် ဗလာဒီမာ ပူတင် ဖြစ်သင့်တယ်လို့ သူယုံကြည်ကြောင်းကို သမ္မတက ပြောကြားသွားပါ တယ်။

သမ္မတနေရာအတွက် ကိုယ်စားလှယ်လောင်း ဘယ်သူ ဖြစ်မလဲဆိုတဲ့ ထင်ကြေးပေး ပြောဆို မှုတွေ လပေါင်းအတော်ကြာ ရှိခဲ့ပြီးနောက် ညီညွတ်သော ရုရှားပါတီ United Russia Party ညီလာခံမှာ သမ္မတရဲ့ အခုလို ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မစ္စတာ ပူတင်ဟာ အရင်တုန်းက သမ္မတ သက်တန်းနှစ်ခု တာဝန် ထမ်းဆောင်ခဲ့ဖူး ပါတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ မစ္စတာ မက်ဗီရေးဒက်ထံ သမ္မတတာဝန် လွှဲပြောင်းခဲ့တာ ဖြစ်ပါ တယ်။

သမ္မတရဲ့ ကြေညာချက်အပေါ် မစ္စတာ ပူတင်က ဂုဏ်ယူမိကြောင်း တုံ့ပြန် ပြောကြားပါ တယ်။

မစ္စတာ ပူတင်ကလည်း လာမယ့် ဒီဇင်ဘာ ပါလီမန် ရွေးကောက်ပွဲတွေမှာ မစ္စတာ မက်ဗီ ရေးဒက်က ဦးဆောင်သင့်ကြောင်းနဲ့ လက်ရှိသမ္မတ ဖြစ်သူဟာ ဝန်ကြီးချုပ် ဖြစ်လာ နိုင်ကြောင်းတို့ကို ပြောကြားသွားပါတယ်။