ယီမင် သမ္မတ ဆာလေး ဆော်ဒီကနေ ပြန်ရောက်လာ

  • 24 စက်တင်ဘာ 2011
Syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးမှာ ဆာလေးကို ထောက်ခံသူရော၊ ကန့်ကွက်သူပါ မနေ့က ဆန္ဒပြကြ

ဆီးရီးယား နိုင်ငံမှာ သမ္မတ ဆာလေးကို သစ္စာ စောင့်သိတဲ့ တပ်တွေနဲ့ သူ့အုပ်ချုပ် မှုကို ဆန့်ကျင်တဲ့ လူမျိုးစု လက်နက်ကိုင် တွေ တိုက်ပွဲ ထပ်ဖြစ်ပွားပြီး ဆာနား မြို့တော် မြောက်ပိုင်းမှာ အမြှာက် သံတွေ ကြားရပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေ အရ အနည်းဆုံး လူ ဆယ့်သုံးယောက် သေဆုံးတယ်လို့ သိရ ပါတယ်။

ဆီးရီးယားက တိုက်ပွဲတွေကြောင့် ခုတပတ်ထဲမှာကို လူတရာ ဝန်းကျင် သေဆုံးခဲ့ပြီး မနေ့က ဆော်ဒီ အာရေဗျ နိုင်ငံကနေ အိမ်ပြန်လာတဲ့ သမ္မတ ဆာလေးက အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုလိုက်ပါတယ်။

သမ္မတ ဆာလေးဟာ သူ့အသက်ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ ဒဏ်ရာ အပြင်းအထန် ရသွား တဲ့အတွက် ဆော်ဒီအာရေဗျကို ဆေးကုခံဖို့ ထွက်သွားပြီး မနေ့က ပြန်ရောက်လာတာ ဖြစ်ပါတယ်။

သူပြန်ရောက်လာတဲ့ နေ့မှာ သူ့ကို ထောက်ခံသူရော၊ ကန့်ကွက်သူတွေပါ မြို့ထဲမှာ စီတန်း လှည့်လည် ဆန္ဒ ပြခဲ့ကြပါတယ်။