ဆာတ် မြို့သိမ်းတိုက်ပွဲ အရှိန်မြင့်

  • 26 စက်တင်ဘာ 2011
jp_libya ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့ဝင်များ

လစ်ဗျား နိုင်ငံမှာတော့ ဗိုလ်မှူးကြီး ကဒါဖီရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ဆာတ် မြို့ ကိုအမျိုးသား အသွင်ပြောင်း ကောင်စီ (အန်တီစီ)ရဲ့ တပ်ဖွဲ့ တွေက အရှိန်မြှင့် လို့တိုက်ခိုက် လာကြ ပါတယ်။

အခု ဆိုရင် မြို့လယ် စင်တာ နဲ့တောင် တော် တော် နီးလာ နေပြီ လို့ လဲ သိရ ပါတယ်။ အဲဒီ မြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀ လောက် အကွာမှာ အန်တီစီ တပ်ဖွဲ့တွေ နဲ့ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က မြို့ထဲကနေ အရပ်ပြည်သူ တွေ ကြောက်လန့် တုန်လှုပ်ပြီး ထွက်ပြေးလာ ကြတာ ကို တွေ့မြင်ခဲ့ ရတယ်လို့ ဆိုပါတယ်။

သူတို့တွေက ဒီ အန်တီစီ တပ်ဖွဲ့တွေက သူတို့ကို ကယ်တင်ဖို့ လာကြတာလား၊ အရေးယူ ဖို့ လာကြတာလား မကွဲပြား ကြ သလို တချို့ဆိုရင် ထရစ်ပိုလီ မြို့ကျသွား တာကို တောင်မှ မသိသေးဘူး လို့ ဆိုပါတယ်။

တချိန်ထဲ မှာပဲ အန်တီစီ ရဲ့ ပြောခွင့်ရသူ က ကဒါဖီ လိုလားသူ တပ်ဖွဲ့တွေဟာ အဲလ်ဂျီးရီး ယား နိုင်ငံ ဘက်ကနေ နယ်စပ်ကို ဖြတ်ကျော် လာ ကြပြီး ယူနက်စကို က ရှေးဟောင်း အမွေ အနှစ် အဖြစ် သတ်မှတ် ထားတဲ့ ဂါဒိမ်းစ် ကို ဝင်ရောက် တိုက်ခိုက်ခဲ့လို့ အန်တီစီ တပ်ဖွဲ့က ၅ ဦး ကျဆုံး ခဲ့ရတယ်လို့ စွပ်စွဲ ပြောဆို လိုက်ပါတယ်။