ဆော်ဒီအမျိုးသမီးတွေ ရွေးကောက်ပွဲဝင်နိုင်

  • 26 စက်တင်ဘာ 2011
saudi_woman ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆော်ဒီအမျိုးသမီး တဦး

ဆော်ဒီ အာရေဗျ နိုင်ငံမှာ ဒေသန္တရ ရွေးကောက်ပွဲ တွေမှာ အမျိုးသမီး တွေ ကို ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဉ် ပြိုင် ခွင့်ပြုတော့ မယ်လို့ ဆော်ဒီ ဘုရင် က ကြေငြာ လိုက်တာကို အမေရိကန် ပြည် ထောင်စု နဲ့ ဗြိတိန် နိုင်ငံ တွေက ကြိုဆို လိုက်ကြ ပါတယ်။

ဆော်ဒီ ဘုရင် အဗ္ဗဒူလာ ဘင် အဗ္ဗဒယ်လာဇဇ် က အမျိုးသမီး တွေ အနေနဲ့ ရွေးကောက်ပွဲ တွေမှာ မဲပေးခွင့်တွေ ရတော့မှာ ဖြစ်သလို ဝင်ရောက် ယှဉ် ပြိုင်နိုင်ခွင့် လဲ ရမယ်လို့ ဆိုပါတယ်။ ပြုပြင် ပြောင်းလဲရေး သမားလို့ အများက ရှုမြင်ကြတဲ့ ဆော်ဒီ ဘုရင်က အမျိုးသမီး တွေ အနေနဲ့ အတိုင်ပင်ခံ ရှုရာကောင်စီ မှာလဲ ပါဝင် ခွင့်တွေ ရမယ် လို့ဆို ပါတယ်။

ဆော်ဒီ မင်းသမီး တဦးလဲဖြစ် ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ တဦး လဲဖြစ်တဲ့ အမီရာ အဲလ် တာဝီးလ် ကတော့ ဒီ ကြေငြာ ချက်ကနေပြီး အမျိုးသား တွေရဲ့ သဘောထား အမြင် တွေကိုပါ ပြောင်းလဲ လာစေနိုင် မှာဖြစ်လို့ အမျိုးသမီး တွေ အတွက် တော့ ရှေ့ကို ခြေလှမ်း တလှမ်း လှမ်းလိုက် တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီ အာရေဗျ နိုင်ငံမှာ အမျိုးသမီး တွေ ကားမောင်းခွင့် မရှိတာ မျိုး တွေအပါ အဝင် ခွဲခြား ဆက်ဆံ မှုတွေ တော်တော် ရှိတယ်လို့ ဆိုပါတယ်။