ကာတလိုနီးယားမှာ နွားရိုင်းသတ်ပွဲ ပိတ်ပြီ

  • 25 စက်တင်ဘာ 2011
bullfighting ဓာတ်ပုံ မူပိုင် BBC World Service
Image caption နွားရိုင်းသတ်ပွဲ

စပိန် နိုင်ငံက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတဲ့ ကာတလိုနီးယား ဒေသမှာတော့ နောက်ဆုံး အကြိမ် အဖြစ် နွားရိုင်းသတ်ပွဲ ကိုကျင်းပ ခဲ့ကြပါတယ်။

ဘာစီလိုနား မြို့မှာ ကျင်းပတဲ့ ဒီပွဲကို လာရောက် လူပေါင်း ၂ သောင်း လောက် လာရောက် ကြည့် ရှုခဲ့ကြ ပါတယ်။ ပွဲ ကျင်းပ ရာရဲ့ အပြင် ဘက်မှာ လဲ တိရစ္ဆာန် ကာကွယ် စောင့်ရှောက် သူများ က လဲ အောင်ပွဲ ခံခဲ့ကြ ပါတယ်။

ဒီ ဒေသထဲမှာ နေထိုင်ကြသူ ပေါင်း ၂ သိန်း နီးပါးလောက်က ဒီနွားရိုင်းသတ်ပွဲကို ပိတ်ပင် ပစ်ဖို့ လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြရာမှာ ပါလီမန်က ပိတ်ပင် ပေးလိုက်ပါတယ်။

အခုဆိုရင် တိရစ္ဆာန် ကာကွယ် စောင့်ရှောက်သူ တွေက ဒီလို ပိတ်ပင်တာ မျိုးကို တနိုင်ငံ လုံး အနှံ့ ပြုလုပ်နိုင်အောင် ကြိုးပမ်း နေကြပြီ ဖြစ်တယ်လို့ လဲ မဒရစ် မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ကပြော ပါတယ်။

တဘက်မှာလဲ နွားရိုင်းသတ်ပွဲကို ကြိုက်နှစ်သက်ကြ သူတွေက ဒါဟာ စပိန် ရိုးရာ ယဉ်ကျေးမှု ဖြစ် တဲ့အတွက် ဒါကို ထိန်းသိမ်း သွား နိုင်ဖို့ကို ကြိုးစား နေကြပါတယ်။