နိုဘယ် ဆုရှင် ဝမ်ဂါရီ မာထိုင်း ကွယ်လွန်

  • 26 စက်တင်ဘာ 2011
Wangari Maathai ဓာတ်ပုံ မူပိုင် internet
Image caption ဝမ်ဂါရီ မာထိုင်းဟာ သစ်တော ပြုန်းတီးမှု ကို ကာကွယ်ဖို့ အမျိုးသမီး တွေကို ပညာပေးခဲ့

အာဖရိက တိုက်က ပထမ ဆုံး အမျိုး သမီး နိုဘယ်လ် ငြိမ်းချမ်း ရေး ဆုရှင် ဖြစ်တဲ့ မစ္စ ဝမ်ဂရီ မာထိုင်း ဟာ ဒီနေ့ ကွယ်လွန် သွားခဲ့ ပါတယ်။

အသက် ၇၁ နှစ် အရွယ် ကင်ညာ နိုင်ငံသူ မစ္စ မာထိုင်း ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနဲ့ လူ့ အခွင့် အရေး လှုပ်ရှား ခဲ့သူ ဖြစ်ပါတယ်။

သူဟာ နိုင်ရို ဘီမြို့က ဆေးရုံမှာ ကင်ဆာ ရောဂါ အတွက် ကုသမှု ခံယူရင်း ဆုံးပါး ခဲ့တာပါ။

ဝမ်ဂရီ မာ့ထိုင်း ဟာ ၁၉၇၀ ပြည့်လွန် နှစ်တွေက Green Belt လို့ ခေါ်တဲ့ စိမ်းလန်း စိုပြေရေး လှုပ်ရှား မှုကို ဦးစီး ထူထောင် ခဲ့ပြီး သစ်တော ပြုန်းတီးမှု အန္တရာယ် ကို တားဆီး ကာကွယ် နိုင်ဖို့ အမျိုး သမီး တွေကို သင်ပြကာ လှုပ်ရှား စေခဲ့ ပါတယ်။

သူဦးဆောင် တဲ့ အဖွဲ့ဟာ ကင်ညာ နိုင်ငံ တဝှမ်းမှာ သစ်ပင်ပေါင်း သန်း ၅၀ ကို စိုက်ပျိုး ခဲ့ပါတယ်။

ဝမ်ဂါရီ မာထိုင်း ဟာ ၂၀၀၄ ခုနှစ် မှာတော့ နိုဘယ် ငြိမ်းချမ်း ရေး ဆုကို ရခဲ့တဲ့ ပထမ ဆုံး အာဖရိကန် အမျိုး သမီး ဖြစ်လာ ခဲ့ပါတယ်။

သူဟာ ဝေဖန်တာ ကို လက်ခံလေ့ မရှိတဲ့ ကင်ညာ နိုင်ငံမှာ မတရား မှုတွေကို တိုက်ဖျက် ရေး လှုပ်ရှား မှုကို နှစ်ပေါင်း များစွာ ဦးဆောင် ခဲ့ပါတယ်။