ဥရောပ ဗဟိုဘဏ်က စီးပွားရေး ပြန်ဦးမော့စေဖို့ ကယ်တော့မယ်လို့ သတင်းထွက်

  • 28 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဥရောပ သမဂ္ဂ ၊ အမျိုးသား ဘဏ်နဲ့ ဂရိ အလံ လွှင့်ထူထားတဲ့ ဂရိဘဏ်ရှေ့ မြင်ကွင်း

မနေ့က ကမ္ဘာတလွှားမှာ အစုရှယ်ယာ စျေးတွေ ပြန်တက်လာခဲ့ပြီး ဂျာမဏီ နိုင်ငံ ဖရန်ဖတ်မြို့နဲ့ ပြင်သစ်နိုင်ငံ ပါရီ မြို့တို့မှာ ငါးရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

အလားတူ နယူးယောက်မြို့မှာလည်း အစုရှယ်ယာ စျေးတွေ တက်ခဲ့ပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံတွေနဲ့ ဘဏ်တွေ စီးပွားရေး ပြန်ဦးမော့လာစေဖို့ ဥရောပ ဗဟိုဘဏ်က ကယ်ဆယ် ကူညီရေး အစီအစဉ်တွေ အကြီးအကျယ် လုပ်တော့မယ်လို့ ခန့်မှန်း ပြောဆိုချက်တွေ အတွက် အခုလို ရှယ်ယာစျေးတွေ တက်ခဲ့တာလို့ ဆိုပါတယ်။

ဂျာမဏီ နိုင်ငံမှာ ဂရိနဲ့ ဂျာမန် ခေါင်းဆောင်တွေ တွေ့ဆုံ နေကြပြီး ကြွေးမြှီ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။

ဂရိနိုင်ငံဟာ ကတိပေးထားတဲ့ အတိုင်း ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ပြန်ဆပ်နိုင်ဖို့ သင့်တော်တဲ့ အနေ အထားအတွင်းမှာ နေထိုင်သွားမှာပါလို့ ဂျာမန် စီးပွားရေး ခေါင်းဆောင်တွေကို ဂရိ ဝန်ကြီးချုပ် George Papandreou က ပြောပါတယ်။