အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်တာ ၂၃နှစ်ပြည့်ပြီ

  • 27 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption NLD အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်

ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်ခဲ့တာ ၂၃ နှစ်ပြည့်ပါပြီ။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲ အပြတ်အသတ်နဲ့ အနိုင် ရခဲ့ပေမယ့် ဒီရလဒ်တွေကို လျစ်လျူရှု ခံခဲ့ရပြီး ပါတီထဲက ရွေးကောက် တင်မြှောက်ခံ အမတ်တွေ ဖမ်းဆီး ထိန်းသိမ်း ထောင်ချ ခံခဲ့ရတဲ့ အပြင် ပါတီ ဥက္ကဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မကြာသေးခင်ကမှ ထိန်းသိမ်းထားရာက ပြန်လွတ်လာတာ ဖြစ်ပါတယ်။

စစ်အစိုးရက ဦးဆောင်ကျင်းပတဲ့ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံမတင်ခဲ့ပါဘူး။

ကျွန်မတို့ဟာ ဒီမိုကရေစီ လိုအပ်တယ် ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံခဲ့တာ နှစ် ၂ဝ ကျော်သွားခဲ့ပြီး ဒါကြောင့်မို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အင်မတန် ခက်ခဲတဲ့ လမ်းကြီးကို ဒီမိုကရေစီ ဆိုတဲ့ အယူအဆကို လက်ကနေ မြဲမြဲကိုင်ပြီး ချီတက်ခဲ့တာ ဖြစ်ပါတယ်လို့ ပါတီ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ရက် နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထူထောင်တာ ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီနေ့ ပါတီ ဌာနချုပ်မှာ ဂီတ ဖျော်ဖြေပွဲတွေ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ စည်စည်ကားကား ကျင်းပမယ်လို့ သိရပါတယ်။