ဆီးရီးယား အပေါ် ပိတ်ဆို့ အရေးယူဖို့ ရုရှားနဲ့ တရုတ်က ကန့်ကွက်

  • 28 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယားက ဆန္ဒပြမှုတွေ အစိုးရက လက်နက်နဲ့ နှိမ်နင်း

ဆူပူမှုတွေ ဖြစ်နေတဲ့ ဆီးရီးယားမှာ သမတ Bashar Al-Assad အစိုးရကို ချက်ချင်း ပိတ်ဆို့ အရေးယူဖို့ ဥရောပ တိုင်းပြည်တွေရဲ့ ကုလသမဂ္ဂမှာ အဆိုပြုချက်သစ်ကို သူတို့ဖာသာ ပြန်ရုတ်သိမ်း သွားခဲ့ပါတယ်။

ဆီးရီးယား လူထု ဆန္ဒပြမှုတွေကို အစိုးရက ဆက်ပြီး လက်နက်သုံး နှိမ်နင်းနေမယ် ဆိုရင် ပိတ်ဆို့ အရေးယူမယ်ဆိုတဲ့ အဆိုမူကြမ်းကို ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမဏီနဲ့ ပေါ်တူဂီတို့က တင်ပြခဲ့ပြီး အမေရိကန်က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆီးရီးယားကို ချက်ချင်း အရေးယူ ပိတ်ဆို့ဖို့ကို တရုတ်နဲ့ ရုရှားတို့က ကုလသမဂ္ဂမှာ ဆန့်ကျင် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဆီးရီးယား နိုင်ငံ ရက်စတန်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြ သမားတွေနဲ့ စစ်တပ်ဖို့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ကြပြီး ရာနဲ့ချီတဲ့ စစ်သားတွေဟာ အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံတွေ ဘက်ပြောင်းလာတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။