အမေဇုံကို ဖြတ်ပြီး အဝေးပြေးလမ်း မဖောက်ဖို့ ဆန္ဒပြ

  • 29 စက်တင်ဘာ 2011
Image caption အမေဇုံ သစ်တောနားက ဘိုလီးဗီးယားက စိုက်ပျိုးမြေ

ဘိုလီဗီးယား နိုင်ငံ La Paz မြို့လယ်မှာ သောင်းနဲ့ချီတဲ့ လူတွေ ချီတက် ဆန္ဒပြခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။

အမေဇုံ သစ်တောကို ဖြတ်ပြီး အဝေးပြေး လမ်းဖောက်မယ့် အစီအစဉ်ဟာ သဘာဝ ဂေဟစံနစ်ကို ပျက်စီး စေနိုင်တဲ့ အတွက် ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တိုးတက်ရေး အတွက် ဒီအဝေးပြေး လမ်းဖောက် လုပ်ဖို့က မရှိမဖြစ် လိုအပ်ပြီး နယ်စွန် နယ်ဖြား ဒေသက ကုန်စည် စီးဆင်းမှုတွေကို မြန်ဆန် တိုးတက်စေမှာ ဖြစ်တယ်လို့ ဘိုလီဗီးယား အစိုးရက ပြောပါတယ်။

ဒါပေမယ့် တရားမဝင် အခြေချ နေထိုင်မှုတွေနဲ့ သစ်ခိုးခုတ်မှုတွေ ဖြစ်လာနိုင်တယ် ဆိုပြီး ဒေသခံ လူမျိုးစု တိုင်းရင်းသားတွေက စိုးရိမ် ပူပန်နေကြပါတယ်။