အီယူးချမှတ်မယ့် အခွန်စည်းကြပ်မှု ဗြိတိန်ဆန့်ကျင်

  • 28 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption အခွန်စည်းကြပ်လျှင် တနှစ်ကို အရန်ငွေ ယူရို ၅၅ ဘီလီယံ ရနိုင်ကြောင်း ဘာရိုဆိုပြော

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကြား ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းတွေအပေါ် အခွန်သစ် စည်းကြပ်မယ့် ကိစ္စကို ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံက ပြောကြားလိုက် ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ အသုံးပြု ခြင်း မရှိတဲ့ အခုလို အခွန် စည်းကြပ်မှုကို ဗြိတိသျှအစိုးရက လုံးဝ ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေက ဘဏ်တွေအကြား ငွေအလွှဲအပြောင်း လုပ်တဲ့အပေါ် အခွန် စည်းကြပ်မယ်လို့ ဥရောပကော်မရှင်ကနေ တင်ပြခဲ့ပြီးနောက် ဗြိတိန်အရာရှိက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအခွန်စည်းကြပ်မှုဟာ အကြွေးတင်ရှိနေတဲ့ အစိုးရတွေကို ဘဏ်တွေက ပိုမို ကူညီပေး လာအောင် လုပ်တာဖြစ်ပါတယ်။

ကော်မရှင် ဥက္ကဌ ဂျိုဆေး မန်နျူရယ် ဘာရိုဆိုက အခွန်ထမ်း ပြည်သူတွေက ဘဏ်လုပ်ငန်း တွေ အတွက် ငွေကြေးတွေ ပေးဆောင်ခဲ့ပြီးဖြစ်တယ်၊ ဒီအတွက် ဘဏ်တွေကလည်း သင်တင့်တဲ့ ကူညီမှုတွေ ပြန်ပေးသင့်တယ်လို့ ပြောပါတယ်။

အခု အခွန်စည်းကြပ်မယ့်ကိစ္စ အကောင်အထည်ဖေါ်နိုင်ခဲ့ရင်တော့ အီးယူဟာ တနှစ်ကို အရန်ငွေ ယူရို ၅၅ ဘီလီယံ ရှိလာအောင် လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ မစ္စတာ ဘာရိုဆိုက ပြောကြားသွားပါတယ်။