Amazon က ထုတ်တဲ့ နောက်ဆုံးပေါ် Kindle Fire

  • 29 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေဇုံက ဖြန့်တဲ့ Kindle Fire

အွန်လိုင်း လက်လီဖြန့်ချီရေး ကုမ္ပဏီဖြစ်တဲ့ Amazon က စျေးကွက်ထဲမှာ အကြီးအကျယ် အောင်မြင်စွာ ဖြန့်ချီခဲ့တဲ့ Apple ကုမ္ပဏီ ထုတ် i-Pad နဲ့ အပြိုင် Kindle Fire ဆိုတဲ့ ကွန်ပြူတာသစ် တမျိုးကို စျေးကွက်ထဲမှာ မိတ်ဆက်ခဲ့ပါတယ်။

အရောင်စုံနဲ့ ကင်းဒဲလ် လက်ကိုင် ကွန်ပြူတာ သစ်တွေဟာ Amazon က ဖြန့်ချီတဲ့ ရုပ်ရှင်တွေ ၊ သီချင်းတွေနဲ့ စာအုပ်တွေ ကူးယူ ခံစားနိုင်မှာ ဖြစ်ပါတယ်။

စျေးနှုန်းအရ i-Pad ရဲ့ တဝက်လောက်သာ ရှိပေမယ့် သူ့မှာ ကင်မရာ မပါတာကြောင့် ပြီးခဲ့တဲ့ နှစ်အတွင်း i-Pad အလုံးပေါင်း ၂၈သန်း ရောင်းချခဲ့တဲ့ Apple နဲ့ ယှဉ်ဖို့ သိတ်မလွယ်ဘူးလှလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။