အငတ်ဘေး ဒုက္ခသည်တွေ အတွက် ရိက္ခာ ထပ်ဖြန့်

  • 29 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption Mogadishu မြို့က ဒုက္ခသည်တွေ အခြေအနေ

ဆိုမာလီမှာ အငတ်ဘေး ဒုက္ခသည် တသန်းကျော်ကို ဝေငှပေးမယ့် ရိက္ခာ အကူအညီ တွေကို ဖြန့်ဖို့ ပြင်ဆင်နေရာမှာ နောက်ဆုံးအခြေအနေကို ရောက်နေပြီလို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

အဲဒီလို ဖြန့်ဖြူးမယ့် ရိက္ခာ တန် တစ်သောင်း ခုနှစ်ထောင် တင်ဆောင်လာတဲ့ ယာဉ်တန်း ဟာ မြို့တော် Mogadishu ကနေ ထွက်လာပြီလို့ ဆိုပါတယ်။

အဲဒီ ယာဉ်တန်းဟာ ဖြန့်ဖြူးရေး စခန်းကို ရောက်ဖို့ နှစ်ပတ်လောက် ကြာဦးမှာ ဖြစ်ပြီး ဒီဒေသ တဝိုက်မှာ အစ္စလာမ် ဝါဒီ စစ်သွေးကြွ တွေဖြစ်တဲ့ al-Shabaab အဖွဲ့တွေ ကြီးစိုးရာ နေရာ ဖြစ်ပါတယ်။

ရိက္ခာတွေနဲ့ အတူ အပင် မျိုးစေ့တွေလည်း ပါပြီး လာမယ့် အောက်တိုဘာလမှာ မိုးစရွာတဲ့ အခါ လယ်သမားတွေ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ပြီး ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက al-Shabaab အယ်ရှဘတ်အဖွဲ့ ထိန်းချုပ်ရာ ဒေသတဝိုက်က ဒုက္ခသည် တသိန်း ခြောက်သောင်းကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ရိက္ခာ ဖြန့်ဖြူးနိုင်ခဲ့တာ ဖြစ်ပါတယ်။