ပါကစ္စတန် က အမေရိကန် ရဲ့ ဖိအား လက်မခံ လို့ ပြော

  • 29 စက်တင်ဘာ 2011
Gilani
Image caption နိုင်ငံရဲ့ အကျိုးစီးပွား ကို သာ ဆောင်ရွက်မှာ လို့ ဆို

အမေရိကန် က နေ ပါကစ္စတန် အပေါ် ဘယ်လို ဖိအားတွေပေးပေး ၊ ဒါတွေ ဟာ အောင်မြင် မှာ မဟုတ်ဘူး လို့ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂယ်လာနီ က ပြောလိုက်ပါတယ်။

ပါကစ္စတန် ကို ဖိအားတွေ ထပ်ပေး စရာ မလို ဘူး၊ အခြေအနေ တိုင်းမှာ ကိုယ့် နိုင်ငံ ရဲ့ အကျိုးစီးပွား ကို သာ ဆောင်ရွက် မှာ ဖြစ်တယ် လို့ လည်း သူ က ပြောပါ တယ်။

အမေရိကန် ထိပ်တန်း စစ်ဘက် အရာရှိ တဦး ဖြစ်တဲ့ ရေတပ် ဗိုလ်ချုပ်ကြီး မိုက် မူလန် က ပါကစ္စတန် ဟာ လက်နက်ကိုင် သူပုန်တွေ ကို ထောက်ခံအားပေး နေတယ် ဆိုတဲ့ မှတ်ချက် စကား ထွက်လာပြီး တဲ့ နောက် နိုင်ငံရေး နဲ့ ဘာသာရေး အဖွဲ့ အစည်း တွေ ကို ခေါ်ယူ တွေ့ဆုံ တဲ့ ဆွေးနွေးပွဲ မှာ အခုလို ပါကစ္စတန် ဝန်ကြီးချုပ် က ပြောခဲ့ တာပါ။

ပါကစ္စတန် ဝန်ကြီးချုပ် က အမေရိကန် ရဲ့ စွပ်စွဲ ချက် ကို ပယ်ချ လိုက်ပါတယ်။

ပါကစ္စတန် ခေါင်းဆောင် ပိုင်း က နိုင်ငံ ရဲ့ လွတ်လပ်မှု နဲ့ လွတ်လပ်ရေး ကို ထိန်းသိမ်း သွား မယ် လို့ လည်း ဝန်ကြီးချုပ် က ဆိုပါတယ်။

ပါကစ္စတန် ပြည်သူ အများအပြား က အမေရိကန် ရဲ့ မှတ်ချက် စကား ဟာ သူတို့ ကို စစ်ပြု မယ် ဆိုတဲ့ သဘော ပြောနေတာ လို့ မှတ်ယူ နေကြကြောင်း သတင်းထောက် တွေက ပြော ပါတယ်။