နိုင်ငံခြား အိမ်ဖော် အလုပ်သမားတွေ အတွက် အောင်ပွဲ

  • 30 စက်တင်ဘာ 2011
a laywer for filipino maid ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဖိလစ်ပိုင် အိမ်ဖော် ဘက် က အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေ Mark Daly

ဟောင်ကောင် မှာ အိမ်ဖော် အလုပ်လာလုပ် နေတဲ့ ဖိလစ်ပိုင် အမျိုးသမီး တဦး ရဲ့ အမှု ဟောင်ကောင် တရားရုံး တခု မှာ အနိုင်ရ ခဲ့ပြီးတဲ့ နောက် အဲဒီ အကျိုးဆက် အရ ဟောင်ကောင် မှာ နိုင်ငံခြား ကနေ အိမ်ဖော် အဖြစ် လာရောက် အလုပ်လုပ်ကိုင် နေပြီး အရေအတွက် အားဖြင့် သိန်းနဲ့ချီ အရေအတွက် ရှိတဲ့ အိမ်ဖော် အလုပ်သမ တွေ အကျိုးကျေးဇူး ခံစား ရဘွယ် ရှိနေ ပါတယ်။

နိုင်ငံခြားက အိမ်ဖော် လာလုပ်တဲ့ အလုပ်သမား တွေ ဟောင်ကောင်မှာ အမြဲတမ်း နေထိုင် ခွင့် လျှောက်ထားခွင့် ပိတ်ပင် ထားတာဟာ အခြေခံ ဥပဒေ နဲ့ မညီ ဘူးလို့ ဟောင်ကောင် တရားရုံး တခု က ဆုံးဖြတ် ခဲ့ ပါတယ်။

ဟောင်ကောင်မှာ နိုင်ငံခြား က လာပြီး အလုပ်လုပ်နေတဲ့ အိမ်ဖော် အလုပ်သမ ၃ သိန်း နီးပါး ရှိပြီး အများစု က ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှား နိုင်ငံ တွေက ဖြစ်ပါတယ်။

အဲဒီမှာ လက်ရှိစည်းမျဉ်းတွေအရ နိုင်ငံခြားသား တဦး ဟာ ဟောင်ကောင်မှာ ၇ နှစ်ကြာ နေထိုင် ပြီးရင် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားနိုင်ခွင့်ရှိပြီး အိမ်ဖော် အလုပ် သမ တွေကို အဲဒီလို လျှောက်ခွင့် မရှိအောင် ကန့်သတ် ထားပါတယ်။